စစ်ကောင်စီနဲ့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေတဲ့မြောက်ပိုင်းကိုးကန့်အဖွဲ့MNDAAကသူ့ရဲ့တပ်မဟာအသစ်တစ်ခုကိုထုတ်ပြလိုက်တယ်။MNDAAရဲ့နောက်ဆုံးတပ်မဟာတစ်ခုကိုအင်အား၁၂၀၀ ကျော်နဲ့ဖွဲ့စည်းထားပြီးလက်နက်တပ်ဆင်ပွဲဆိုကာစစ်ရေးပြအခမ်းအနားတစ်ခုကိုပြုလုပ်လိုက်တယ်။ထိုတပ်မဟာမှာကိုးကန့်တိုင်းရင်းသားတွေသာမဟုတ်ပဲတိုင်းရင်းသားပေါင်းစုံပါဝင်နေတာဟာထူးခြားမှုတစ်ခုပဲ။
အလားတူပဲနောက်မြောက်ပိုင်းအဖွဲ့တစ်ခုဖြစ်တဲ့TLNAကလဲဗိုလ်သင်တန်းဆင်းပွဲတစ်ခုပြုလုပ်ခဲ့တယ်။ပြီးခဲ့တဲ့လကလဲကရင်ပြည်နယ်ကနာမည်ကြီးစစ်ကြောင်းတစ်ခုဖြစ်တဲ့ကော်ဘရာစစ်ကြောင်းကိုNUGကလက်နက်ပေးအပ်ပွဲတစ်ခုပြုလုပ်ခဲ့သေးတယ်။ကော်ဘရာလိုရှိပြီးသားကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကိုကလက်နက်တပ်ဆင်ပေးအပ်နေတယ်ဆိုရင်NUGကသူ့လက်အောက်ခံPDFတပ်ဖွဲ့တွေအတော်များများကိုလဲလက်နက်တပ်ဆင်ပြီးလောက်ပြီလို့ယူဆရတယ်။
မနေ့ကတော်လှန်ရေးအဖွဲ့တွေရဲ့ကြေငြာချက်တွေတသီကြီးထွက်လာပြီးတဲ့နောက်မြေပြင်မှာလေ့ကျင့်ဖွဲ့စည်းထားတဲ့တပ်တွေကိုထုတ်ပြတာဟာစစ်ကောင်စီကိုပေါ်ပေါ်ထင်ထင်စိန်ခေါ်လိုက်တာပဲ။