ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကစစ်တပ်ရဲ့လေတပ်စခန်းကိုရှော့တိုက်ဒုံးငါးလုံးနဲ့အပစ်ခံရတယ်။လေယာဉ်တွေထိခိုက်ပျက်စီးမှုမရှိပေမယ့်စခန်းထဲကလူတချို့ထိခိုက်မှုရှိတာတော့သေချာတယ်။လူနာတင်ကားတွေအများကြီးတိုက်ခိုက်ခံရတဲ့လေတပ်ထဲဝင်သွားတယ်လေ။ရန်ကုန်ကစစ်တပ်လေတပ်စခန်းဆိုတာတော်ရုံတိုက်ခိုက်ဖို့မလွယ်ဘူး။ထိုအနေအထားမျိုးမှာတော်လှန်ရေးအဖွဲ့တွေဘက်ကရတဲ့နည်းနဲ့တိုက်ခိုက်ခဲ့တယ်။စစ်ကောင်စီရဲ့လေကြောင်းရန်ကိုလေပေါ်မှာမကာကွယ်နိုင်ရင်လေပေါ်မတက်ခင်ဖျက်စီးရမယ့်ဗျူဟာကိုအကျိုးရှိအောင်အသုံးချနိုင်ရမယ်။
ကရင်ပြည်နယ်မှာလဲစစ်ကူသွားဖို့စေခိုင်းခံရတဲ့စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံးအမိန့်ဖီဆန်လို့တပ်ရင်းမှုးနဲ့တကွတပ်ရင်းခေါင်းဆောင်အရာရှိတွေဖမ်းဆီးလိုက်တယ်လို့သိရတယ်။KNUတပ်မဟာ၅မှာရှိတဲ့အဝိုင်းခံနေရတဲ့စစ်ကောင်စီရဲ့မဲဝိုင်းစစ်စခန်းကိုစစ်ကူပို့လွှတ်ဖို့စေခိုင်းရမှာထိုတပ်ရင်းကမသွားချင်လို့အမိန့်ဖီဆန်ခဲ့တာပါ။စစ်ကူသွားလဲသေမယ့်အတူတူထောင်ကျခံလိုက်တာမှကောင်းဦးမယ်လို့တွေးကုန်ကြပြီနဲ့တူတယ်။KNUတပ်မဟာ၅နယ်မြေမှာတော့စစ်ကောင်စီတပ်တွေအတော်တပ်ပျက်နေပြီလို့ကြားတယ်။