Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကောလင်းမှရွာငါးရွာကို စစ်တပ်ဝင်စီး၊ ဒေသခံအချို့ လူမဆန်စွာသတ်ဖြတ်ခံရ

စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် သုံးရက်ဆက် ဝင်ရောက်စီးနင်းစဉ် အိမ်အလုံး ၂၀၀ ကျော် ပျက်စီးဆုံးရှုံးသည့်အပြင် ရွာသား ၆ ဦးလည်း သတ်ဖြတ်ခံရသည်။

December 15, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်မှ ရွာငါးရွာကို စစ်တပ်က ယခုရက်ပိုင်းအတွင်း သုံးရက်ဆက်တိုက် ဝင်ရောက်စီးနင်းခဲ့ရာ အိမ်အလုံး ၂၀၀ ကျော် မီးရှို့ခံရသည့်အပြင် ဒေသခံအချို့လည်း လူမဆန်စွာ သတ်ဖြတ်ခံရသည်။

ဝင်ရောက်စီးနင်းခဲ့သည့်တပ်မှာ မကြာမီရက်ပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ဝိုင်းဝန်းတိုက်ခဲ့သည့် ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့တိုက်နယ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသူများဖြစ်ကြောင်း၊ အင်အား ၁၀၀ ကျော်ရှိစစ်ကြောင်းဖြင့် ရွာငါးရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ် ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကောလင်းမြို့အရှေ့ဘက်ရှိ ဇီးဖြူကုန်း၊ လျှော်ဖြူကုန်း၊ ပေပင်ချောင်၊ ကုက္ကိုကုန်းနှင့် ညောင်ကုန်း ရွာတို့ကို သုံးရက်ဆက်ဝင်စီးစဉ် စစ်တပ်က ရွာကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) လေးဦးကို လူမဆန်စွာ သတ်ဖြတ်ခဲ့သည့်အပြင် အခြားရွာသားနှစ်ဦးကိုလည်း ပစ်သတ်ခဲ့သည်။

ရွာကာကွယ်ရေးအဖွဲ့ဝင် လေးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လျှော်ဖြူကုန်းရွာမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သေနတ်နဲ့ ပစ်သတ်သွားတာ ဟုတ်ဘူး …တစ်ယောက်ကို သေနတ်ဒင်နဲ့ ဦးနှောက်တွေထွက်အောင် ဆောင့် (ရိုက်) သတ်သွားတယ်။ တစ်ယောက်ကို လည်လှီးတယ်၊ ကျန်တဲ့သူလည်း ထို့အတူပဲ၊ ဦးနှောက်တွေ ထွက်အောင်လုပ်တယ်။ မျက်လုံးတွေထိုးဖောက်ထားတယ်”

ထိုသို့ လူမဆန်စွာ သတ်ဖြတ်ခံရသူများမှာ ပေပင်ချောင်ရွာမှ အသက် ၃၀ ရွယ် ကိုကံမင်းစိုး၊ ကိုအဲမောင်၊ ကိုနိုင်ဝင်းထွန်းနှင့် ၅၀ အရွယ် ဦးသိန်းအောင်တို့ဖြစ်ပြီး ထိုရွာမှပင် ၄၅ နှစ်အရွယ် ကိုမြင့်စိုးဆိုသူလည်း သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သိရသည်။

ယခုလ ၁၁ ရက်က ပထမဆုံးဝင်စီးခံရသည့်ရွာမှာ ကောလင်းမြို့အရှေ့ဘက် ၂၅ မိုင်အကွာရှိ ဇီးဖြူကုန်းရွာဖြစ်ပြီး ရွာသူရွာသားများ ရှောင်တိမ်းနိုင်ခဲ့သော်လည်း အိမ် ၄၂ လုံး မီးရှို့ဖျက်ဆီးခံရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

“သူတို့က ပစ်ဝင်တာတော့ ဘာမှခုခံချိန် မရှိလိုက်ဘူး။ ရွာအနောက်ဘက် တစ်မိုင်လောက် အကွာကတည်းက ရွာသူတွေကို အပြင်ထုတ်ရတာပေါ့။ ဝင်ဝင်ချင်း နှစ်အိမ်ရှို့တာ၊ နောက်ရက်ထွက်တော့ အကုန်လုံး လမ်းနှုတ်ခမ်းက အိမ်တွေရှို့သွားတာ” ဟုပြောသည်။

နောက်နေ့တွင် ဇီးဖြူကုန်းနှင့် တစ်မိုင်သာဝေးသည့် လျှော်ဖြူကုန်းရွာကို ဝင်စီးစဉ် ထွက်ပြေးရန် ကြိုးစားသည့် ရွာသားတစ်ဦးလည်း ပစ်သတ်ခံရသည်ဟု ဒေသခံတို့က ဆိုသည်။​ ထိုသူမှာ ရွာကာကွယ်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဦးမောင်မြင့်ဖြစ်ကာ ဦးခေါင်းနှင့် နောက်ကျောတွင် ကျည်ဆန်ဒဏ်ရာများ တွေ့ရှိရသည်ဟု ဆိုသည်။

ထိုနေ့၌ပင် လျှော်ဖြူကုန်းရွာနှင့် နှစ်မိုင်အကွာရှိ ပေပင်ချောင်ရွာကို စစ်သားများချီတက်စဉ် ဒေသခံ PDF နှင့် ပကဖအဖွဲ့ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

လူမဆန်စွာ သတ်ဖြတ်ခံရသည့် ရွာသားလေးဦး၏ ရုပ်အလောင်းများ။

“အပြန်အလှန်ပစ်ကြတာ။ တပ်ရင်းရော၊ ပကဖတွေရော ပစ်လိုက်ရပ်လိုက်ပဲ။ ဆယ်မိနစ်လောက်တော့ တော်တော်ပြင်းထန်တယ်။ ပစ်လိုက်ရပ်လိုက်ကတော့ တစ်နေကုန်ပဲ” ဟု အထက်ပါ ရွာကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးအဖွဲ့များက ကျဆုံးခြင်းမရှိသော်လည်း တိုက်ပွဲအပြီး ဖမ်းမိသည့် ကာကွယ်ရေးအဖွဲ့ဝင်များကို လူမဆန်စွာသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသခံ ကာကွယ်ရေးအဖွဲ့များက အရှင်ဖမ်းမိသည့် စစ်သားများကို သတ်ဖြတ်ခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဌာနထံ လွှဲပြောင်းပေးခဲ့သော်လည်း စစ်ကောင်စီကမူ ရက်ရက်စက်စက် တရားမဲ့စွာသတ်ဖြတ်နေကြောင်း ရွာပကဖအဖွဲ့ဝင်က ပြောသည်။

“သူတို့က အလွန့်အကျွံကို ယုတ်မာတာ။ တရားရေးတွေ ဘာတွေရှိတော့ ငါတို့က သတ်မရဘူး။ သူတို့က ငါတို့ပြည်သူပဲဖြစ်ဖြစ် ရဲဘော်ဖြစ်ဖြစ် မိရင် ဒီအတိုင်းပဲ သတ်ပစ်တာ”

ကောလင်းမြို့နယ်အတွင်းမှ ရွာကာကွယ်ရေးအဖွဲ့ဝင်များကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် စစ်တပ်မှာ ပေပင်ချောင်ရွာတွင် တစ်ညအိမ်တပ်စွဲကာ မီးရှို့ခဲ့သေးကြောင်း၊ နောက်တစ်ရက်တွင် ကုက္ကိုကုန်းနှင့် ညောင်ကုန်းရွာတို့ကိုလည်း ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရသည်။

ပေပင်ချောင်ရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ရွာချင်းကပ်လျက်ရှိ ကုက္ကိုကုန်းနှင့် ညောင်ကုန်းတွင် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။​

“ မီးရှို့တဲ့ဖြစ်စဉ်တွေမှာ ပိုက်ဆံရှိတဲ့အိမ်တွေ ရှို့သွားတာ။ အဲကျတော့ သူတို့က ငါတို့ပကဖတွေ PDF တို့ကို (ပြည်သူတွေနဲ့) ရန်တိုက်ပေးသွားတာ။ ငါတို့ကို ထောက်ပံ့လို့ မရအောင်ရယ် တစ်ဖက်နဲ့တစ်ဖက် အထင်လွဲအောင်လုပ်တာ” ဟု ပကဖအဖွဲ့ဝင်က ပြောသည်။

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English