ဒီရက်ပိုင်းအတွင်းမှာ တောင်ပိုင်းတနင်္သာရီတိုင်း စစ်ရေးလည်းအတော်လေးလှုပ်လှုပ်ရှားရှား
ရှိလာနေတာကို တွေ့နေရတယ်။ဒီနောက်ပိုင်း မြင်နေရတာဆိုရင်တနင်္သာရီတိုင်းတွင်း PDF LDF
ပူးပေါင်းပြီး မဟာမိတ်စစ်ရေးတွေလုပ်လာနိုင်တာတွေ အားရတယ်။
ရှေ့ရက်တွေကဆို ထားဝယ်ခရိုင်PDF LDF ၇ ဖွဲ့ ပူးပေါင်းပြီးလောင်းလုံးမြို့နယ် မောင်းမကန်
ရဲစခန်းအပါ စစ်ဆင်ရေး ၄ ခု တပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ် ၄၀ အထက်
သေဆုံးခဲ့တယ်လို့ သိရတယ်။ ဒါပြင် မြိတ်ခရိုင်ထဲ မြိတ်မြို့နယ်နဲ့ပုလောမြို့နယ်ထဲမှာ စစ်ရေးတွေ
အားရစရာဖြစ်လာပြီး တောက်လျှောက် တိုက်ပွဲတွေ ပြင်းထန်လာတယ်။ရှေ့ရက်တွေက PDF LDF တွေ
ပူးပေါင်းပြီး ပုလော မြို့တော်ခန်းမ၊ပုလောမြို့အထွက်ခလရ၂၈၅တပ်ရင်းဂိတ်ဝနဲ့ပုလောကုန်းကျေးရွာတွေမှာ
စစ်ရေး တို-က်ခိုက်မှု ပြုလုပ်ခဲ့တယ်။ ဒါပြင် အဲဒီတိုက်ပွဲတွေ ဖြစ်ပြီးတော့နောက်ရက်တွေမှာပဲ ပုလောထဲက
ရဲစခန်းကို PDF LDF တွေဝင်ရောက် တိုက်ခိုက်ခဲ့သေးတယ်။မြိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ
ဖြစ်လာနေတာတွေ မြင်နေရတယ်။ ဒါအပြင် ဒီဇင်ဘာလ ၃ ရက်နေ့က ကော့သောင်းခရိုင် ဘုတ်ပြင်းထဲ
စစ်ကောင်စီတပ်စခန်းတခုကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဝင်တိုက်ခဲ့သေးတယ်။တိုက်ပွဲတွေက ဘုတ်ပြင်းမြို့နယ်ထိပွဲဆက်လာတာ အားရကျေနပ်တယ်။အရင်လို စစ်တပ်က စစ်ကြောင်းရွေှ့မှ
ကြားဖြတ် ပြောက်ကျားတိုက်တာမဟုတ်တော့ပဲ ပူးပေါင်းတပ်တွေဖွဲ့ပြီးအထိုင်စခန်းတွေ စခန်းငယ်တွေ ရဲစခန်းထိဝင်တိုက်လာနိုင်တာက အားရစရာပါ။ဒီရက်ထဲမှာ တနင်္သာရီတိုင်းစစ်ရေးကပြင်းထန်လာမယ်လို့ ကြားမိတယ်။