ကျင်းပပြုလုပ်လျက်ရှိတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာ့အရေးအတွက်ဆုံးဖြတ်ချက်အသစ်တွေကိုတွေ့လာရတယ်။ဆုံးဖြတ်ချက်အသစ်ဆိုပေမယ့်ဘုံသဘောတူညီချက်ငါးရပ်ကိုသာဆက်လက်ကိုင်စွဲထားတာပါ။ဒီတခေါက်မှာတော့အဆိုပါဘုံသဘောတူညီချက်ငါးရပ်ကိုအချိန်သတ်မှတ်ဖော်ဆောင်ဖို့နဲ့NUG အပါအဝင်သက်ဆိုင်သူတွေနဲ့တွေ့ဖို့ပွောလာကွပွီ။အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမယ့်အင်ဒိုနီးရှားကတော့မြန်မာကိုအာဆီယံကခဏထုတ်ပစ်ဖို့အထိပြောလာတယ်။ထိုနှစ်ချက်ကိုသေချာအကောင်အထည်ဖော်နိုင်ရင်တော့စစ်ကောင်စီအနေနဲ့ဒီထပ်ပိုပြီးအသက်ရှုကြပ်လာမှာသေချာသလောက်ပဲ။
ကိုယ့်အမြင်ကတော့အချိန်သတ်မှတ်မယ်ဆိုပေမယ့်အဆိုပါအချိန်သတ်မှတ်ဖို့ကိုတောင်တစ်နှစ်လောက်ကြာအောင်ဆွေးနွေးကြဦးမှာ။NUGနဲ့တွေ့ဖို့ပါလာပေမယ့်ဘယ်အချိန်တွေ့မလဲတိတိကျကမရှိသေးဘူး။အာဆီယံကတော့တတ်နိုင်သလောက်အချိန်ဆွဲပေးနေတယ်။တိုးတက်မှုတွေကနှေးကွေးလွန်းတယ်။