နာမည်ကြီးရသစာရေးဆရာအကြည်တော်ကွယ်လွန်သွားပြီ။ဒီကာလမှာစာရေးဆရာ၊ကဗျာဆရာတွေတဖြုတ်ဖြုတ်ကြွေလွင့်ကုန်ကြတယ်။မြန်မာ့စာပေလောကကလဲပျက်သလောက်ဖြစ်နေပြီ။နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက်ဖန်တီးမှုအသစ်တွေမလုပ်နိုင်ကြတော့ဘူး။စာအုပ်အသစ်တွေမထွက်တော့ဘူး။ထွက်လာတဲ့စာအုပ်တွေကလဲစက္ကူဈေးကြီးမြင့်မှုကြောင့်ဈေးသက်သက်သာသာနဲ့မရောင်းနိုင်ကြတော့ဘူး။ဒါကြောင့်လူတွေလဲဝယ်မဖတ်နိုင်တော့ဘူး။ရသစာပေဆိုရင်ပျောက်ကွယ်သလောက်တောင်ဖြစ်နေပြီ။
စာရေးဆရာတွေကြွေလွင့်နေသလိုသတင်းထောက်တွေလဲတချို့ကအဖမ်းခံရ၊တချို့ကပြေးနေကြရတယ်။စာပေလောကတစ်ခုထဲတင်မဟုတ်ပဲအနုပညာလောကကြီးတစ်ခုလုံးရပ်တန့်ပျက်စီးနေတယ်။ရုပ်ရှင်လောကမှာလဲရုပ်ရှင်အသစ်တွေထပ်မရိုက်ကြတော့ဘူး။မင်းသားမင်းသမီးဒါရိုက်တာတွေကထောင်ထဲမှာလေ။လွတ်မြောက်လာတဲ့သူတွေကလဲအနုပညာလှုပ်ရှားမှုတွေဆက်မလုပ်ကြဘူး။ရှိတဲ့သူနဲ့ဖြစ်သလိုရိုက်ပြီးရုပ်ရှင်ကားတွေထွက်လာတယ်ဆိုလည်းကြည့်မယ့်ပရိသတ်မရှိဘူး။အားလုံးပျက်စီးနေပြီ။