စစ်ကောင်စီကပြန်လည်စည်ကားလာအောင်အသည်းအသန်ကြိုးစားနေတဲ့ကျိုက်ထီးရိုးဘုရားမှာအခုတန်ဆောင်တိုင်ကာလဘုရားဖူးအနည်းငယ်သာလာရောက်ကြတယ်လို့သိရတယ်။တောင်တက်ကားနဲ့အခမဲ့တည်းခိုခွင့်တွေပါစီစဉ်ပေးခဲ့ပေမယ့်ဘုရားဖူးသူရာဂဏန်းလောက်သာလာရောက်ကြတယ်။လာတဲ့သူတွေကလဲစစ်ကောင်စီနဲ့အတင်းအကျပ်စေခိုင်းမှုကြောင့်လာရတဲ့Non CDMဝန်ထမ်းတွေပါ။စတုဒီသာကျွေးမွေးဖို့စီစဉ်ထားတဲ့နေရာမှာအစားအသောက်တွေအများအပြားပိုလျှံနေတာကိုလဲတွေ့ရတယ်။ခါတိုင်းဒီလိုအချိန်တွေဆိုဘုရားဖူးတွေကြက်ပျံမကျနေရာလပ်မရှိအောင်စည်ကားတတ်တဲ့နေရာမျိုးဟာအခုလိုအခြေအနေဖြစ်သွားတဲ့အတွက်စစ်ကောင်စီရဲ့ကြိုးပမ်းမှုဟာအရာမရောက်ခဲ့ဘူး။
ရှမ်းပြည်နယ်ကလောမြို့လေးမှာလဲစစ်ကောင်စီကတန်ဆောင်တိုင်ပွဲပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့်မြို့ခံတွေကလက်မခံတာကြောင့်မဖြစ်မြောက်ခဲ့ဘူး။ခရီးသွားမြို့လေးတစ်ခုဖြစ်တဲ့ကလောမြို့ဟာသေးငယ်ပေမယ့်ဒေသခံတွေရဲ့စည်းလုံးမှုကိုစစ်ကောင်စီကဖျက်စီးလို့မရခဲ့ဘူး။ခေတ်ပြန်ကောင်းရင်တော့ကလောမြို့လေးကိုလေးစားတဲ့အနေနဲ့နောက်တစ်ခေါက်ထပ်သွားဖြစ်လိမ့်ဦးမယ်။