ကျိုက်ထီးရိုးဘုရားမှာလာမယ့်တန်ဆောင်မုန်းလပြည့်နေလူစည်ကားဖို့စစ်ကောင်စီကြိုးပမ်းနေတယ်။ဟိုတလောကကျိုက်ထီးရိုးဘုရားတောင်ခြေကင်ပွန်းစခန်းမှာပစ်ခတ်မှုတွေဖြစ်ပြီးဘုရားဖူးတချို့သေဆုံးပီးကတည်းကဘုရားဟာခြောက်ကပ်သွားတယ်။ဘုရားဖူးတွေမလာကြတော့ဘူး။ဒါကိုစစ်ကောင်စီကအရင်အတိုင်းပုံမှန်လည်ပတ်စေချင်တယ်။ဘုရားတွေအများစုဟာအခါကြီးရက်ကြီးတွေဆိုပိုမိုစည်ကားလေ့ရှိတယ်။ဒါပေမယ့်ဒီပုံအတိုင်းဆိုလာမည့်တန်ဆောင်မုန်းလပြည့်နေ့မှာလဲကျိုက်ထီးရိုးကိုဘုရားဖူးတွေလာကြမှာမဟုတ်ဘူး။ဒါကြောင့်စစ်ကောင်စီဟာထိုနေ့တွေမှာတောက်တက်ကားစီးခွင့်၊ဘုရားပေါ်မှာတည်းခိုခွင့်အခမဲ့နဲ့စတုဒီသာတွေပါကျွေးမယ်ဆိုပြီးဆွဲဆောင်နေတယ်။ဘုရားဖူးတွေစည်ကားနေသယောင်ထင်ယောင်ထင်မှားဖြစ်အောင်Non CDM ဝန်ထမ်းတွေကိုလဲဘုရားဖူးသွားဖို့အတင်းအကျပ်စေခိုင်းနေတယ်။
သူတို့ဘယ်လိုပဲဆွဲဆောင်နေပါစေအရင်ကငြိမ်းချမ်းခဲ့တဲ့ကျိုက်ထီးရိုးဘုရားဝန်းကျင်ဟာအခုအရင်လိုမဟုတ်တော့ဘူး။မငြိမ်မသက်မှုတွေရှိလာနေပြီ။ထိုဒေသမျိုးကိုအသက်နဲ့ရင်းပြီးဘယ်သူမှဘုရားဖူးသွားကြလိမ့်မယ်မထင်ဘူး။အခုလိုစစ်ကောင်စီကအတင်းအကျပ်လုပ်နေတော့ပိုဆိုးတာပေါ့။
ပြည်တွင်းမှာပုံမှန်လည်ပတ်နေသယောင်စစ်ကောင်စီကပြုလုပ်နေသမျှအားလုံးမအောင်မြင်ခဲ့ဘူး။အခုတကြိမ်လဲသူတို့မျှော်မှန်းသလိုဖြစ်လာမှာမဟုတ်ဘူး။