ကမ္ဘာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ကမြန်မာနိုင်ငံကိုအမည်မဲစာရင်းထဲထည့်သွင်းလိုက်တယ်။ထိုစာရင်းမှာအီရန်နဲ့မြောက်ကိုရီးယားလိုနိုင်ငံတွေဟာရှိခဲ့တာပါ။အခုမြန်မာဟာတတိယမြောက်နိုင်ငံအဖြစ်စာရင်းဝင်သွားတယ်။အာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံကိုနိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကသတိပေးထားခဲ့ပြီးစစ်ကောင်စီကမလိုက်နာခဲ့လို့ထိုစာရင်းထဲဝင်သွားခဲ့တယ်။
အကျိုးသက်ရောက်မှုကတော့ကြီးမားတယ်။နိုင်ငံတကာကပိတ်ဆို့မှုတွေမလာခင်မှာပဲပြည်တွင်းမှာနေ့ချင်းညချင်းဒေါ်လာဈေးတွေတက်ကုန်တယ်။ဈေးဝယ်စင်တာတွေမှာအလုအယက်ဝယ်ယူနေကြတယ်။စက်သုံးဆီဆိုင်တွေမှာကားတွေပြန်တန်းစီနေကြပြီ။ဘာမှန်းမသိပေမယ့်ပြည်သူတွေလန့်ဖြန့်ကုန်ကြပြီ။