ရှမ်းကယားနယ်စပ်မိုးဗြဲမြို့ကိုစစ်ကောင်စီတပ်တွေထိုးစစ်ဆင်လာပြန်ပြီ။ဒီလဆန်းပိုင်းထဲကအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာခဲ့ပေမယ့်အထိနာပီးပြန်ဆုတ်သွားခဲ့တယ်။စက်တင်ဘာ၁၆ရက်နေ့ကစပြီးစစ်ကောင်စီကအင်အားပြန်လည်ဖြည့်တင်းကာနောက်တစ်ကြိမ်ကြိုးစားလာတယ်။ဒီတကြိမ်မှာမြို့ပေါ်ကအချက်အခြာကျတဲ့အိမ်တွေ၊အဆောက်အဦးတွေပေါ်မှာစစ်သူပုန်တွေနေရာယူလိုက်ကြတယ်။ဒါအပြင်မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတစ်ရာကျော်ကိုဖမ်းဆီးသွားပြီးဘုန်းကြီးကျောင်းတစ်ခုမှာလူသားဒိုင်းလုပ်ထားလို့ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကပြန်လည်ခုခံရတာအခက်အခဲတွေရှိနေတယ်။
မိုးဗြဲမြို့ကိုစစ်ကောင်စီလက်ထဲအကျခံလို့မဖြစ်ဘူး။ထိုမြို့ဟာကယားပြည်နယ်တစ်ခုလုံးကိုကုန်စည်စီးဆင်းဖို့အဓိကအရေးပါတဲ့နေရာဖြစ်နေတယ်။ဒါကြောင့်နှစ်ဖက်လုံးကထိန်းချုပ်နိုင်ဖို့အသည်းအသန်ကြိုးစားနေကြတာပါ။မိုးဗြဲမြို့စစ်ကောင်စီလက်ထဲရောက်သွားရင်ပြည်နယ်ထဲကစစ်ရှောင်တွေကိုရိက္ခာထောက်ပံဖို့အတော်လေးခက်ခဲသွားလိမ့်မယ်။အခုတောင်စစ်ဘေးရှောင်တွေအတွက်ရိက္ခာပြတ်သလောက်ဖြစ်နေပြီလေ။