လက်ပံကုန်းကျေးရွာစာသင်ကျောင်းကိုစစ်သူပုန်တွေလေကြောင်းကတိုက်ခိုက်မှုကြောင့်အပစ်မဲ့ကလေးငယ်၁၁ဦးခန့်သေဆုံးသွားတယ်လို့သိရတယ်။ဒါအပြင်မသေပဲဒဏ်ရာအပြင်းအထန်ရထားတဲ့ကျန်တဲ့ကလေးငယ်တွေနဲ့ဆရာမနှစ်ဦးကိုပါစစ်တပ်ကဖမ်းဆီးသွားတယ်။ဒီနေ့ဆိုရေဦးမြို့ကရွာတစ်ရွာမှာစစ်တပ်ကလာရောက်သဂြိုလ်နေတယ်လို့သိရတယ်။ဒဏ်ရာရတဲ့ကလေးတွေရောဖမ်းဆီးသွားတဲ့ကလေးတွေပါရေဦးဆေးရုံမှာထားတယ်လို့သိရတယ်။မိဘတွေကတော့ဘယ်လိုက်လို့လိုက်ရမယ်မှန်းမသိပဲအရူးမီးဝိုင်းနေကြတယ်။ဒီလူမဆန်တဲ့စစ်တပ်ရဲ့ပစ်ခတ်မှုအတွက်အခုချိန်ထိနိုင်ငံတကာအသိုင်းအဝိုင်းကနုတ်ဆိတ်နေတယ်။မနေ့ကပြောခဲ့သလိုပဲဒါမျိုးဖြစ်ရပ်တွေဒီကာလမှာခဏခဏဖြစ်နေဟာစစ်ကောင်စီကပိုမိုရဲတင်းလာပြီးသူတို့လုပ်ချင်ရာဆက်လုပ်မယ်ဆိုတာပြသလိုက်တာပဲ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...