ရခိုင်ပြည်နယ်မြောက်ပိုင်းမှာစစ်တပ်ကအရပ်သားယာဉ်တွေအသုံးပြုပြီးလူအင်အား၊လက်နက်အင်အားအလုံးအရင်နဲ့ဖြည့်တင်းနေလို့အေအေကသယ်ယူပိုဆောင်ရေးလမ်းကြောင်းတွေကိုစစ်ဆေးတော့မယ်လို့ကြေငြာလိုက်တယ်။အေအေကအဲ့ဒီလိုကြေငြာပြီးနောက်တစ်ရက်မှာပဲစစ်ကောင်စီကရခိုင်မြောက်ပိုင်းကအများပြည်သူရေကြောင်းသွားလာခွင့်တွေအကုန်ပိတ်ပင်လိုက်တယ်။ရခိုင်မြောက်ပိုင်းကမြစ်ချောင်းပေါများလို့ရေလမ်းခရီးကိုသာအဓိကအားထားနေရတာပါ။အခုလိုစစ်ကောင်စီကရေယာဉ်လိုင်းတွေပါအကုန်ပြေးဆွဲခွင့်ပိတ်လိုက်တော့တမြို့နဲ့တမြို့တောင်ကူးလူးဆက်သွယ်ဖို့အဆင်မပြေတော့ဘူး။ဟိုအရင်ကတည်းကစစ်ကောင်စီဟာမောင်တောမြို့မြောက်ပိုင်းကရွာတွေကိုလော့ဒေါင်းချသလိုမျိုးကူးလူးဆက်သွယ်ခွင့်ပိတ်ထားခဲ့တယ်။မောင်တောမြို့ပေါ်ကိုတောင်လွတ်လွတ်လပ်လပ်ဈေးဝယ်ခွင့်မရခဲ့ဘူး။အခုတော့အခြေအနေတွေကပိုမိုဆိုးရွားလာပြီ။စစ်ကောင်စီဟာအေအေကိုမနိုင်တော့လို့ရခိုင်ပြည်လူထုကိုအကြပ်တွေ့အောင်နီးမျိုးစုံနဲ့ကြိုးပမ်းနေတယ်။
အေအေခေါင်းဆောင်တွေကလဲရှမ်းပြည်နယ်ကမြန်မာပြည်မှာအကြီးဆုံးEAOတစ်ခုဖြစ်တဲ့UWSAနဲ့သွားရောက်တွေ့ဆုံနေတယ်။လက်ရှိရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာစစ်တပ်ကလေကြောင်းအသာစီးယူထားတဲ့အတွက်ထိုကိစ္စကိုဖြေရှင်းနိုင်ဖို့UWSAနဲ့သွားရောက်တွေ့ဆုံတာဖြစ်နိုင်တယ်။UWSAဆီမှာတရုတ်ကထောက်ပံထားတဲ့လေယာဉ်ပစ်လက်နက်တွေရှိနေတယ်လေ။အေအေအနေနဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေသာရခဲ့ရင်ရခိုင်မြောက်ပိုင်းတစ်ခုလုံးကိုထိန်းချုပ်ခွင့်ရသွားနိုင်တယ်။