Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြန်မာတွင် ဘက်စုံ ကပ်ဆိုက်တော့မည်ဟု ကုလသမဂ္ဂ အထူး သံတမန် သတိပေး

September 17, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံကို ကူညီရန် ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းက လေးနက်သော အားထုတ်မှုမလုပ်ပါက မြန်မာတွင် ဘက်စုံကပ်ဘေးဆိုက်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က သတိပေးလိုက်သည်။

အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံသည် စီးပွားရေးအရ နိုင်ငံရေးအရ ပျက်စီးယိုယွင်းနေသည်။ တနိုင်ငံလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် စစ်ကောင်စီသည် တနိုင်ငံလုံး လူထုထောက်ခံမှုရသည့် ခုခံစစ်ကို ရင်ဆိုင်နေရသည်။ စီးပွားရေးမှာ အကြီးအကျယ် ကျဆင်းနေပြီး လောင်စာဆီ မလုံမလောက်ဖြစ်ကာ နိုင်ငံခြားသုံးအရန်ငွေလည်း လျှော့ပါးနေသည်။

“ကျမတို့ ထိုင်စောင့်နေလို့မရဘူး။ အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းနဲ့ ဒီမိုကရေစီ အနာဂတ်ကို သွားဖို့ မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ်ကို ထောက်ပံ့ရေး နည်းလမ်းရှာဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းက မညီညွတ်ရန် ဘက်စုံကပ်ဘေးက အရှေ့တောင်အာရှနိုင်ငံများအသင်းမှာ ကျရောက်တော့မယ်” ဟု အထူးသံတမန် နိုလင်းဟေဇာက တနင်္လာနေ့တွင် စင်္ကာပူရှိ ISEAS–Yusof Ishak Institute တွင် ကျင်းပသည့် ဆွေးနွေးပွဲတွင်ပြောကြားသည်။

လွန်ခဲ့သောက မြန်မာသို့ သွားရောက်ခဲ့သည့် အငြင်းပွားဖွယ် ခရီးစဉ်အပြီး အထူးသံတမန်က အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ ထိုခရီးစဉ်အတွင်း နိုလင်းဟေဇာသည် စစ်ကောင်စီခေါင်းဆာင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး မြန်မာပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်မှု ရပ်ဆိုင်းရေး အပါအဝင် မြန်မာအကျပ်အတည်း ပြေလည်ရေးအတွက် အားထုတ်ခဲ့သည်။ သို့သော် စစ်ကောင်စီသည် နိုလင်းဟေဇာကို အဆင့်နှိမ်ဆက်ဆံသောကြောင့် မည်သည့်တိုးတက်မှုမျှ မရပေ။ ထို့ကြောင့် ထိုခရီးစဉ်သည် ကုလသမဂ္ဂ၏ နောက်ထပ် ကျဆုံးမှုတခုသာဖြစ်ပြီး စစ်ကောင်စီက ထိုခရီးကို ၎င်းတို့တရားဝင်မှုရရှိရေးနှင့် ကုလသမဂ္ဂ၏လုပ်ရပ်များကို မကျေနပ်ကြောင်း ပြသရန် အသုံးချခဲ့သည်။

သို့သော် အထူးသံတမန်က သူ၏ခရီးစဉ်သည် မြန်မာပြည်သူများ၏ ဆန္ဒအပေါ် အခြေခံသည့် အရပ်သား အုပ်ချုပ်ရေးသို့ ပြန်သွားရန် မြန်မာဦးဆောင်သည့် ထိရောက်ငြိမ်းချမ်းသော လမ်းကြောင်းကို ထောက်ပံ့ရေးအတွက် ကုလသမဂ္ဂ၏ ကျယ်ပြန့်သော အားထုတ်မှု အစိတ်အပိုင်း ဖြစ်ကြောင်းပြောသည်။ “ကြားနေဘက်မလိုက်တဲ့ ကူညီသူအဖြစ် ကျမရဲ့ လုပ်ပိုင်ခွင့်က ကုလသမဂ္ဂရဲ့ မူများနဲ့အညီ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ဖြစ်တယ်” ဟု သူပြောသည်။

တနင်္လာနေ့ကကျင်းပသည့် ဆွေးနွေးပွဲတွင် သူပြောကြားခဲ့သော စကားတွင် အကျပ်အတည်းမှ လွတ်မြောက်စေမည့် ရှင်းလင်းသော လမ်းကြောင်း မပါဝင်ဘဲ လွယ်ကူသော အဖြေမရှိသည့် သဘော ဖြစ်နေသည်။ မြန်မာသို့ သူသွားရောက်စဉ်အတွင်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရပေ။ “မြန်မာကိုနောက်တခါသွားရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမှသာ သွားနိုင်မှာဖြစ်တယ်” ဟု သူပြောသည်။

မြန်မာနိုင်ငံကိစ္စတွင် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုက်အဝန်း အတွက် အကန့်အသတ်များစွာ ရှိသည်မှာထင်ရှားကြောင်း သူဝန်ခံပြီး ကုလသမဂ္ဂ အဖွဲ့ဝင်များအကြား ဆက်လက် သဘောထား ကွဲနေခြင်းသည်လည်း အကြောင်းရင်းတခုဖြစ်ကြောင်း သူပြောသည်ဟု သူ၏ရုံးက ထုတ်ပြန်သည့် အထက်ပါဆွေးနွေးပွဲ ကောက်နုတ်ချက်တွင် ဖေါ်ပြထားသည်။

“ဒါကြောင့် ကျမအနေနဲ့ အစိုးရအားလုံး၊ ဒေသတွင်း အဖွဲ့အစည်းအားလုံးနဲ့ ပါဝင်ပတ်သက်သူ အားလုံးအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို နားထောင်ပြီး အဲဒီဆန္ဒရဲ့ လမ်းညွှန်မှုကို ခံယူဖို့ မေတ္တာရပ်ခံတယ်” ဟုလည်း အထူးသံတမန်ပြောသည်။

စစ်အာဏာသိမ်းမှုကို ပြင်းထန်သည့် ရှုတ်ချမှုများရှိပြီး စစ်ကောင်စီသည် ပြည်သူ ၂၀၀၀ ကျော်ကို သတ်ဖြတ်သော်လည်း ကုလသမဂ္ဂသည် မြန်မာကို ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စစ်ကောင်စီ၏ မဟာမိတ်များဖြစ်သော တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်သောကြောင့် မည်သည့်ဆုံးဖြတ်ချက်မျှ ချမှတ်နိုင်ခြင်း မရှိပေ။

ဒေသတွင်းအဆင့်တွင်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ၎င်းတို့၏ ငြိမ်းချမ်းရေး အစီအစဉ်ဖြင့် မြန်မာအကျပ်အတည်းကို ကြားဝင်ဆောင်ရွက်ရန် ယခင်နှစ်က စတင်ကြိုးစားသည်။ ထိုငြိမ်းချမ်းရေးအစီအစဉ်တွင် ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်မှု ရပ်ဆိုင်းရေး ပါဝင်သည်။ သို့သော် စစ်ကောင်စီက ထိုအစီအစဉ်ကို လျစ်လျူရှုထားသည်။

တချိန်တည်းတွင် ကုလသမဂ္ဂနှင့် ASEAN တို့သည် မြန်မာစင်ပြိုင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် တရားဝင်ထိတွေ့ဆက်ဆံနိုင်ခြင်း မရှိပေ။ NUG ကို ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယများ၊ ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များနှင့်ဖွဲ့စည်းထားပြီး မြန်မာပြည်သူအများစု၏ ထောက်ခံမှု ရရှိသည်။

စစ်ကောင်စီနှင့် အထူးသံတမန် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က နိုင်လင်းဟေဇာအနေဖြင့် NUG နှင့် ထိတွေ့ဆက်ဆံရန် တိုက်တွန်းသည်။

NUG ကလည်း အထူးသံတမန် အနေဖြင့် NUG နှင့်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ဆက်ဆံရန် နှင့် မြန်မာပြည်သူများ၏မျှော်မှန်းချက်များကို စစ်မှန်စွာ နားထောင်လေးစားရန် တိုက်တွန်းသည်။

Source – Irrawaddy

 

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English