ဒီနှစ်ရဲ့ကုလသမဂ္ဂအထွေထွေညီလာခံကတော့နီးလာပြီ။မြန်မာနိုင်ငံရဲ့ကိုယ်စားပြုမှုကိုပြန်လည်ရွှေးချယ်ရတော့မယ်။ဒီနှစ်မှာတော့ကိုယ်စားပြုမှုအတွက်မနှစ်ကလောက်ပြည်တွင်းရော၊ပြည်ပမှာပါလှုပ်ရှားမှုတွေသိပ်ရှိမနေဘူး။စစ်ကောင်စီကတော့မြန်မာနိုင်ငံကိုယ်စားပြုမှုကိုရရှိဖို့အကြောင်းမရှိဘူး။သူရဲ့သံတမာန်အရေးထွက်ပေါက်ဟာကိုဂျင်မီတို့ကိုသေဒဏ်ချမှတ်ပြီးကတည်းကအပြီးတိုင်ပိတ်ဆို့သွားခဲ့ပြီ။NUGအနေနဲ့ကလဲဒီနှစ်ထဲမှာနယ်မြေစိုးမိုးမှုတွေရရှိလာတယ်ဆိုပေမယ့်အခုထိလွတ်မြောက်နယ်မြေမရှိသေးဘူး။UNမှာNUGကမြန်မာနိုင်ငံကိုယ်စားပြုမှုရရှိဖို့ကမလွယ်သေးဘူး။အဲ့ဒီတော့ဦးကျော်မိုးထွန်းကိုပဲဆက်ခန့်ထားပြီးဒီအခြေအနေအတိုင်နောက်တစ်နှစ်ဆက်သွားလိမ့်မယ်ထင်တယ်။ပြည်တွင်းနဲ့ပြည်ပနိုင်ငံအချို့ကမြန်မာတွေကတော့ဦးကျော်မိုးထွန်းကိုပဲဆက်ခန့်ထားရေးဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်နေကြတယ်။
တကယ်တန်းတော့ဒီတနှစ်အတွင်းမှာUNအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကမြန်မာပြည်အရေးဘာမှထိထိရောက်ရောက်ကူညီပေးခဲ့ခြင်းမရှိပါဘူး။ပြည်သူတွေကိုယ့်အားကိုယ်ကိုးကြလို့သာဒီအခြေအနေအထိရောက်လာတာပါ။ဆက်လက်ပြီးကိုယ့်အားကိုယ်ကိုးကြရမှာပါပဲ။