Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ရခိုင်မှာ တစ်ကျော့ပြန်စစ်ရှောင် သောင်းနဲ့ချီပြီးထပ်တိုး

September 14, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အေအေတို့ တစ်ကျော့ပြန် တိုက်ပွဲအတွင်းကျေးရွာပေါင်း၂၀ဝန်းကျင်ကလူဦးရေသောင်းချီပြီးတော့နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

တချို့နေရာတွေမှာဆိုရင် စစ်ကောင်စီက လမ်းတွေကိုပိတ်ဆို့ထားတဲ့အတွက် ထွက်ပြေးလို့မရဘဲ တိုက်ပွဲတွေအတွင်း ပိတ်မိနေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။သြဂုတ်လ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးတွေ ရာနဲ့ချီပြီး မြို့နယ်ရဲ့ နေရာအများအပြားကို ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြရသလို ကျေးရွာ ၆ရွာ က ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ ပြောဆိုကြပါတယ်။

ရသေ့တောင် နဲ့ မောင်တောဘက်မှာလည်း တိုက်ပွဲတွေကြောင့် ကုန်းလမ်း ရေလမ်းတွေပိတ်ထားလို့ စစ်ဘေးရှောင်တွေအများအပြားမြို့ပေါ်မှာရောက်နေကြသလိုကျေးရွာတွေမှာပိတ်မိနေကြသူတွေရှိတယ်လို့ ရသေ့တောင်ဒေသခံတစ်ဦးကပြောပါတယ်။စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာမှာစစ်ကောင်စီဘက်ကလက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြတဲ့ ကျေးရွာသားတွေထဲ နောက်ထပ်အမျိုးသားတစ်ဦးဟာ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီကျော်အချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသာထွန်းက အတည်ပြုပြောဆိုပါတယ်။အဲ့ဒီကျေးရွာကို လက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်ခံခဲ့ရပြီး အသက် ၄ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့မှာ ပစ်ခတ်ခံရချိန်အတွင်းသေဆုံးခဲ့ရပြီး လက်ရှိမှာတော့ သေဆုံးသူ သုံးဦးအထိရှိလာနေပြီဖြစ်ကာ ဒဏ်ရာရရှိသူအများအပြားထဲက ဒဏ်ရာပြင်းထန်တဲ့ ၇ ဦးကတော့ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

ဩဂုတ်လ ၂၈ ရက် သေဆုံးသွားတဲ့အမျိုးသားဟာ အသက် ၃၅ နှစ်အရွယ် ဦးလှအောင်သိန်းဖြစ်ပြီး မြောက်ဦးမြို့အရှေ့ဘက်မှာရှိတဲ့ ချောင်းသစ်ကျေးရွာမှာနေထိုင်သူဖြစ်ကာ ကင်းဆိပ်ကျေးရွာကို လယ်ယာလုပ်ငန်းအငှားလုပ်ကိုင်ဖို့ ရောက်ရှိနေချိန် အခုလို လက်နက်ထိမှန်တာလို့ ဆိုပါတယ်။

ဆေးကုသမှု ခံယူနေကြသူတွေထဲ သြဂုတ်လ ၂၈ ရက်နေ့က သေဆုံးသွားခဲ့တဲ့ အသက် ၄ နှစ်ကျော်အရွယ် မောင်မြတ်ကျော်လင်းရဲ့အမေလည်း ပါဝင်တယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။ဒါ့အပြင် မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ထမ္မရာဇ်ရပ်ကွက်အတွင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ဒဏ်ရာရသူတချို့ ရှိနေတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ်မှာဆိုလည်း လက်နက်ကြီးပစ်ခတ်ခံခဲ့ရတဲ့ ကင်းဆိပ်ကျေးရွာ၊ အောက်သကန်ကျေးရွာ၊ လက္ကာ၊ ဗူးရွက်မညှိုး၊ ဝေသာလီ၊ ပေါက်တောပြင် စတဲ့ကျေးရွာတွေက လူပေါင်း ၇ ထောင်လောက်ဟာ ဒီအပတ်အတွင်းမှာပဲ နီးစပ်ရာဒုက္ခသည် ခန်းတွေနဲ့ မြို့ပေါ်ဘုန်းတော်ကြီးကျေင်းတွေ ထွက်ပြေးကာခိုလှုံ နေကြရပါတယ်။

“လောလောဆယ်တော့ ပြန်လာနိုင်စရာမရှိဘူးခင်ဗျ၊ တိုက်ပွဲသံကြားရင်လူတွေက ထွက်ပြေးမှာပဲ၊ ကင်းဆိပ်ရွာမှာလို လူတွေ မှန်ပြီးသေမှာကြောက်နေကြတယ်”လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး လက်နက်ကြီးတွေကို အလွန်အကျွံပစ်ခတ်နေတဲ့အတွက် အဘောင်သားကျေးရွာသားတွေဟာ ပလက်ဝမြို့ပေါ်ကို အခုလ ၂၄ ရက်နေ့က ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ပတ်ကျော်အကြာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတဲ့ရခိုင်ပြည်နယ်မောင်တောမြောက်ပိုင်းမှာတော့ ခမောင်းဆိတ် ကျေးရွာကဒေသခံအများစု ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

ဒါပေမဲ့ ခမောင်းဆိတ်ဝန်းကျင်က ကျေးရွာတွေမှာ ထွက်ပြေးလို့မရပဲ ရွာတွေမှာ ပိတ်မိနေသူတွေ ရှိနေတယ်လို့ မင်းခမောင်းကျေးရွာ သားတစ်ဦးက ပြောပါတယ်။

“လေယာဉ်တွေနဲ့ ဗုန်းကြဲတာတွေရှိတယ်ဆိုတော့ ကြောက်လန့်ပြီးမသွားရဲတော့ဘူး၊ လူအုပ်လိုက်သွားခွင့်မရဘူး၊ ကြိမ်ချောင်းအထက်ပိုင်း တောက်လျှောက်ရွာတွေ အကုန်ပိတ်မိနေတယ်” ရွာသားတစ်ဦးကပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းလမ်းကိုစစ်ကောင်စီကပိတ်ဆို့ထားတာတစ်လလောက်ကြာမြင့်လာတာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်လပ်လာတာအပြင် စစ်ပွဲတွေလည်း ပြင်းထန်နေတာကြောင့်အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ရေးပြင်းထန်လာတဲ့ ဇူလိုင်လကစလို့ ဒီကနေ့အထိ မြောက်ဦးမြို့နယ်ထဲမှာ ၆ ရွာ၊ ပလက်ဝမြို့နယ်မှာ ၁ ရွာ၊ မောင်တောမြို့နယ်မှာ ၁ ရွာနဲ့ ရသေ့တောင်မြို့နယ်ထဲက ရွာ ၁၁ ရွာစတဲ့နေရာတွေကဒေသခံ တစ်‌သောင်းကျော်က စစ်ဘေးတိမ်းရှောင်ထွက်ပြေး နေရပါတယ်။

ရသေ့တောင်ဘက်မှာလည်း အေအေနဲ့ စစ်ကောင်စီတပ်တွေ ဆိုင်နေကြပြီး စစ်ကောင်စီက အငူမော် မောင်တောဘက်ကို ကုန်လမ်းရော ရေလမ်းပါပိတ်ထားလို့ ရွာသားတွေဟာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရသေ့တောင်ကနေ စစ်တွေကို ရေလမ်းတစ်ခုသာ ဖွင့်ပေးထားပြီး ရသေ့တောင် ပုဏ္ဏားကျွန်း ကားလမ်းပိုင်းကိုလည်းပိတ်ထားတယ်လို့ ရသေ့တောင်မြို့ခံတစ်ဦးကပြောပါတယ်။ဒီလိုပိတ်ထားတဲ့ အတွက်ပိတ်မိနေတဲ့ရွာခံတွေဟာစားရေးသောက်ရေးကျန်းမာရေးကိစ္စတွေအခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း ရခိုင်တစ်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့စစ်ပွဲတွေကြောင့်လည်း ဒေသခံ ခြောက်သောင်းလောက်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ လက်ရှိနေထိုင်နေရဆဲ ဖြစ်ပါတယ်။

Source – BBC

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English