တနိုင်ငံလုံးမှာစစ်ကောင်စီကမီးရှို့လို့ပျက်စီးသွားတဲ့အိမ်ခြေပေါင်းသုံးသောင်းကျော်သွားပြီ။စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင်အိမ်ခြေပေါင်းနှစ်သောင်းခန့်မီးရှို့ခံလိုက်ရတယ်။ပုလဲမြို့နယ်မှာ၂၄၀၀ကျော်နဲ့အများဆုံးပဲ။ရွာတွေလဲတော်တော်ကုန်နေပြီ။စစ်ကိုင်းတိုင်းထဲမှာခရီးသွားကြည့်ရင်ကားလမ်းမတလျောက်ပျက်စီးနေတဲ့ရွာပေါင်းများစွာကိုတွေ့ရလိမ့်မယ်။
စစ်ကောင်စီဟာရွာတွေကိုမီးရှို့ပစ်ရုံမကသေးပဲစစ်ကိုင်းနဲ့မကွေးတိုင်းမှတ်ပုံတင်ကိုင်ဆောင်သူတွေကိုအလုပ်ထုတ်ပစ်ဖို့၊အလုပ်မခန့်ဖို့ပါဖိအားပေးနေတယ်။ရန်ကုန်ကတချို့အထည်ချုပ်စက်ရုံတွေမှာစစ်ကိုင်းနဲ့မကွေးတိုင်းသားအလုပ်သမားတွေကိုလျော်ကြေးတစုံတရာမပေးပဲအလုပ်ပစ်တဲ့ဖြစ်ရပ်တွေရှိလာနေတယ်။တရုတ်နိုင်ငံသားပိုင်စက်ရုံတွေကဒါမျိုးအများစုလုပ်နေကြတယ်။စစ်ကောင်စီနဲ့တရုတ်ကလက်ဝါးချင်းရိုက်ထားကြတာလေ။တော်လှန်ရေးဒီလိုတရားမဲ့အနိုင်ကျင့်မှုမျိုးကိုတစ်ခုခုအရေးယူသင့်တယ်။ဒါမှသူတို့တွေဆက်မလုပ်ရဲမှာလေ။အလုပ်ထုတ်ခံရတဲ့ဖြစ်ရပ်တွေဟာရန်ကုန်မှာအဓိကဖြစ်နေပြီးထိုဒေသခံမှတ်ပုံတင်ကိုင်ဆောင်သူတွေဧည့်စာရင်းတိုင်ဖို့ခက်ခဲနေတဲ့အခြေအနေအထိဖြစ်နေတယ်။