Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီ အသုံးတော်ခံ ကုလ အထူးသံတမန်

August 29, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ရွေးကောက်ခံအစိုးရကို လွန်ခဲ့သောနှစ်က အာဏာသိမ်းခြင်းနှင့် အတိုက်အခံများကို ဆက်လက် သွေးချောင်းစီး ဖြိုခွဲခြင်းတို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းက တရားဝင် အသိအမှတ်ပြုမခံရသော မြန်မာစစ်ကောင်စီသည် ၎င်းတို့ တရားဝင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်ကို အသုံးချလိုက်သည်။

အထူးသံတမန် မစ္စ နိုလင်းဟေဇာသည် အာဏာသိမ်းပြီး ပဋိပက္ခဖြစ်နေသော မြန်မာသို့ ရောက်လာသည်။ သူသည် ပျက်စီးယိုယွင်းနေသော အခြေအနေနှင့် လတ်တလော စိုးရိမ်ရမည့်ကိစ္စများသာမက သူ့ကို တာဝန်ပေးထားသည့် အခြားဦးစားပေးများကိုလည်း ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ကြေညာသည်။

သူသည် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗုဒ္ဓဟူးနေ့ နေ့လယ်တွင် တွေ့ဆုံခဲ့သော်လည်း စစ်ကောင်စီက ထောင်တွင်းတွင် သီးခြားဖမ်းဆီးချုပ်နှောင်ထားသည့် ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရပေ။

သို့သော် စစ်ကောင်စီခေါင်းဆောင်နှင့် သူ မတွေ့ဆုံမီ အချိန်အနည်းငယ်အလိုတွင် စစ်ကောင်စီပြောခွင့်ရသူက ထိုတွေ့ဆုံမှုသည် မြန်မာအစိုးရ၏ တရားဝင်တွေ့ဆုံမှုဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက် သန်းပေါင်းများစွာသော မြန်မာပြည်သူများ လမ်းမများပေါ် ထွက်လာပြီး စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချကာ စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ် မပြုကြပေ။ နိုင်ငံတကာ အသိုက်အဝန်းကလည်း စစ်ကောင်စီကို မြန်မာ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်သည်။ တရုတ်၊ ရုရှား၊ ဂျပန်နှင့် အိန္ဒိယမှအပ အခြားနိုင်ငံများက ဗိုလ်ချုပ်များနှင့် မဆက်ဆံကြပေ။ ၎င်းတို့ကို ကုလသမဂ္ဂကပင် အသိအမှတ်မပြုပေ။ ထို့ပြင် ကုလသမဂ္ဂသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ မြန်မာသံအမတ်ကိုသာ မြန်မာ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆက်လက် အသိအမှတ်ပြုသည်။

နိုင်ငံမှ လူပေါင်း ၂,၀၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်သော စစ်ကောင်စီသည် အခြားနိုင်ငံများက ၎င်းတို့ကို နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးအတွက် ထိုအချိန်မှစတင်ပြီး အပြင်းအထန် ကြိုးစားသည်။ အခြေအနေ ပိုမိုဆိုးရွားသွားစေသည်မှာ စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ၎င်းတို့သာ မြန်မာ၏ တရားဝင်အစိုးရဖြစ်ကြောင်း ကြေညာမှုကို ရင်ဆိုင်ရခြင်း ဖြစ်သည်။

ယခုအခါ မစ္စ ဟေဇာသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်အနေဖြင့် စစ်ကောင်စီက ငမ်းငမ်းတက် လိုချင်နေသော တရားဝင်မှုကို ကူညီဖြည့်ဆည်းပေးလိုက်သည်။

ကမ္ဘာတဝန်းက ပစ်ပယ်ထားခံရသောအချိန်တွင် ကုလသမဂ္ဂ အထူးသံတမန် မြန်မာသို့ လာ‌ရောက်ခြင်းသည် မင်းအောင်လှိုင်အတွက် အဓိပ္ပာယ်များစွာရှိသည်။ သူ့ကို တရားဝင်အစိုးရခေါင်းဆောင်ဟု မသတ်မှတ်လျှင် ကုလသမဂ္ဂသည် သူနှင့် တိုင်းပြည်ပြဿနာများကို တကူးတက လာရောက်ဆွေးနွေးမည် မဟုတ်ဟုသာ သူထင်နေသည်။

ထို့ကြောင့်သူသည် အထူးသံတမန်ကို ဖိတ်ခေါ်ပြီး အထူးသံတမန် မြန်မာသို့ ရောက်လာသည်။ ထို့နောက် စစ်ကောင်စီကလည်း ချက်ချင်းပင် ထိုအစည်းအဝေးသည် လက်ရှိ မြန်မာအစိုးရနှင့် တရားဝင် အစည်းအဝေးဖြစ်ကြောင်း ကြေညာသည်။ မစ္စ ဟေဇာသည် မြန်မာမှ ပြည်သူများကို သတ်ဖြတ်နေသော အဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီနှင့် ပြည်သူများ ညှိနှိုင်းဆွေးနွေးရန် ပြောကြားပြီး မြန်မာပြည်သူများကို လွန်ခဲ့သော ဖေဖော်ဝါရီလ ပြောကြား စော်ကားခဲ့သည်။

ဗိုလ်ချုပ်များက အတိုက်အခံများနှင့် ဆွေးနွေးရန် ငြင်းဆန်နေသောကြောင့် ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က ဦးဆောင်သည့် မြန်မာအကျပ်အတည်း ဖြေရှင်းရန် သံတမန်ရေး အားထုတ်မှုများ တိုးတက်မှု မရှိသလောက်ဖြစ်နေချိန်တွင် သူ မြန်မာသို့ သွားရောက်ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် သူ၏ နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာဆိုင်ရာ ASEAN အထူးသံတမန် ပရက်ဆိုခွန်း တို့ပြီးလျှင် ဟေဇာသည် မြန်မာပြဿနာများကို ဖြေရှင်းရန် စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံသည့် တတိယမြောက် နိုင်ငံတကာဧည့်သည် ဖြစ်သည်။

သူ့ယခင် မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂနာက သူ့ကို အားကျကောင်း အားကျနေလောက်သည်။ ထိုရာထူးကို လွန်ခဲ့သောနှစ် စက်တင်ဘာလက စွန့်လွှတ်လိုက်ရချိန်အထိ သူ၏ အမြင့်မားဆုံးအောင်မြင်မှုမှာ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းနှင့် ဖုန်းပြောခွင့် ရခြင်းသာ ဖြစ်သည်။

ASEAN ၏ မြန်မာငြိမ်းချမ်းရေး အစီအစဉ် အစိတ်အပိုင်းအဖြစ် ကိုယ့်ပြည်သူကို ပြန်မသတ်ရန် စစ်ကောင်စီ ယုံကြည်လက်ခံလာရေးအတွက် ဟွန်ဆန်နှင့် ပရက်ဆိုခွန်းတို့၏ အားထုတ်မှုများသည် လက်ရှိအချိန်အထိ အရာမရောက်ပေ။ စစ်ကောင်စီသည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်နေသောကြောင့် မြန်မာပြဿနာကို ဆူပါမင်းပင် ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ပရက်ဆိုခွန်းက မကြာသေးမီတွင် ပြောသည်။

ထိုသို့သော အခြေအနေတွင် မစ္စ ဟေဇာသည် မြန်မာသို့ရောက်လာပြီး သူသည် မင်းအောင်လှိုင်၏ ဖိတ်ကြားမှုကို နိုင်ငံရေးအလွှာစုံမှ သက်ဆိုင်သူများ၊ လူမှုအခြေပြု အဖွဲ့အစည်းများ၊ ပဋိပက္ခကြောင့် ထိခိုက်ရသော လူမှုအသိုက်အဝန်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ပြီး လက်ခံခဲ့သည်ဟု ပြောသည်။

သို့သော် ထိုခရီးစဉ်ကို စတင်ကြေညာချိန်မှ စတင်ပြီး အချက်ပေးခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။

မစ္စ ဟေဇာသည် အထူးသံတမန်အဖြစ် သူ့အလုပ် သူလုပ်ရန် ကြိုးစားသည်ကို နားလည်သော်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို တရားဝင်ခွင့် ပေးခြင်းအား ရှောင်ရှားရမည်ဟု NUG အစိုးရ ပြောခွင့်ရသူ ဦးကျော်ဇောက ဧရာဝတီသို့ အင်္ဂါနေ့တွင် ပြောသည်။

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့ကလည်း ဤကိစ္စကို ထိုနေ့တွင်ပင် ဝေဖန်ပြောကြားခဲ့သောကြောင့် NUG က အလေးထားမှုသည် ထင်ရှားလှသည်။ စစ်ကောင်စီသည် မကြာသေးမီကမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်များ ထပ်မံချပြီး ဇူလိုင်လတွင် တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်သောကြောင့် ယခုအချိန်သည် မစ္စ ဟေဇာအနေဖြင့် မြန်မာသို့ သွားရန် အချိန်အခါ မဟုတ်ကြောင်း NUG အရာရှိ ၃ ဦးတို့က ပြောသည်။ AESAN အထူးသံတမန်များ၏ မအောင်မြင်မှုများကို ကုလသမဂ္ဂ အထူးသံတမန်အနေဖြင့် သတိချပ်သင့်ကြောင်း သူတို့ သတိပေးခဲ့ကြသည်။

ဖေဖော်ဝါရီလကပြောသည့် အာဏာခွဲဝေရေး ကိစ္စကြောင့် ပြစ်တင်ရှုတ်ချခံရပြီးနောက် မစ္စ ဟေဇာသည် မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီများအပါအဝင် အခြားကိစ္စများကို ဆွေးနွေးရန် NUG ၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တွေ့ဆုံသည့် ပထမဆုံး နိုင်ငံတကာ သံတမန်ဖြစ်သည်။ ထို့နောက်သူသည် NUG နှင့် ဆက်လက်ဆွေးနွေးခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရပေ။

ဗုဒ္ဓဟူးနေ့ ညပိုင်း ထုတ်ပြန်ကြေညာချက်တွင် မစ္စနိုလင်းဟေဇာ က ကုလသမဂ္ဂ အထူးသံတမန် အနေဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ခြင်းသည် စစ်ကောင်စီအပေါ် တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း ပြောသည်။

ယခုခရီးစဉ်သည် အကြမ်းဖက်မှုများ လျှော့ချရေး၊ မြန်မာပြည်သူများ၏ဆန္ဒနှင့် လိုလားချက်များအား အခြေခံပြီး အရပ်သား အစိုးရ ပြန်လည်ရရှိရေးအတွက် မြန်မာပြည်သူများကိုယ်တိုင် ဦးဆောင်ကာ ထိရောက်ငြိမ်းချမ်းသည့် နိုင်ငံရေးလမ်း ကြောင်းတခု ပေါ်ထွက်လာရေး ပံ့ပိုးကူညီရန် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂ အထူးသံတမန် အနေဖြင့် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရာတွင် သေဒဏ်ချကွပ်မျက်မှုများအား ရပ်တန့်ထားရေး နှင့် မစ္စတာရှောင်တာနယ် အပါအဝင် အကျဉ်းထောင်နှင့် အခြားနေရာများ၌ ဖမ်းဆီးချုပ်နှောင်ထားသည့် ကလေးငယ်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရေးအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် သူ့တောင်းဆိုချက်များကို မင်းအောင်လှိုင်က လျစ်လျူရှုထားမည်မှာ သေချာသလောက်ပင်။

ဗုဒ္ဓဟူးနေ့က အထူးသံတမန်နှင့် မတွေ့ဆုံမီတွင် မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးတွင် “အကြမ်းဖက်သမားများက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပါက ၎င်းတို့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး မူဝါဒအတိုင်း ဆောင်ရွက်မည်” ဟု ပြောသည်။ နိုင်ငံတဝန်းတွင် စစ်ကောင်စီကို လက်နက်ကိုင် ခုခံမှုအား မတွန့်မဆုတ် လုပ်နေသည့် NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို အကြမ်းဖက်သမားဟု ပြောကြားလိုက်သည်။ စစ်ကောင်စီသည် ၎င်းတို့၏ အကြမ်းဖက်မှု ရပ်ဆိုင်းရန် အစီအစဉ်မရှိကြောင်း သူ့စကားများက ဖော်ပြနေသည်။

အင်္ဂါနေ့ နေပြည်တော်သို့ မစ္စ ဟေဇာ ရောက်လာသောအခါ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း စကော့မာရှယ်က မစ္စ ဟေဇာသည် မဖြစ်နိုင်သည့် အခြေအနေတွင် ကျ ရောက်နေပြီး ဗိုလ်ချုပ်များနှင့် တွေ့ဆုံခြင်းအတွက် အနှစ်သာရကို မတွေ့ရကြောင်း လူမှုကွန်ရက် Twitter တွင် ရေးသားသည်။

“ထိုဗိုလ်ချုပ်များ ကျိုးကြောင်းဆီလျော်လာအောင် ကမ္ဘာက ဖျောင်းဖျပြောဆိုမှု မရပ်ဆိုင်းမီ စစ်ကောင်စီက ရိုင်းစိုင်းစွာ နှုတ်လှန်ထိုးရန် အဆင့်မြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအရာရှိ မည်မျှလိုသနည်း” ဟုလည်း သူက ရေးသားခဲ့သည်။

Source – Irrawaddy

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English