ရင်ပေါင်တိုင်ရွာမှာဒေသခံတွေလူသားဒိုင်းလုပ်ပြီးဖမ်းဆီးထားတဲ့စစ်သူပုန်တပ်တွေကိုကာကွယ်ရေးတပ်ပေါင်းစုကမနေ့ကဝင်ရောက်တိုက်ခိုက်ကြတယ်။လက်ရွှေးစင်တပ်ဖွဲ့တွေစုစည်းပြီးတိုက်ခိုက်တာဖြစ်လို့ရွာကိုပြန်ရခါနီးမှာပဲစစ်တပ်ဖက်လေကြောင်းအကူအညီတွေရောက်လာလို့ပြန်ဆုတ်ပေးလိုက်ရတယ်။စစ်သူပုန်တွေဟာအနီးကပျူစောထီးရွာကတပ်ကူတွေကိုရဟတ်ယာဉ်နဲ့ပို့ပေးပြီးခုခံခဲ့တယ်။
ဒီနေ့တော့စစ်သူပုန်တွေအခြေမလှလို့ရွာကနေဆုတ်ခွာသွားပြီ။ကာကွယ်ရေးအဖွဲ့တွေရွာကိုဝင်ရောက်ရှင်းလင်းတော့စစ်တပ်ကသတ်ဖြတ်သွားတဲ့အပြစ်မဲ့ပြည်သူတွေရဲ့အလောင်းနှစ်ဆယ်ကျော်တွေ့တယ်။ကျွဲ၊နွားတွေကိုလဲသတ်ဖြတ်သွားသေးတယ်။
ထိုဖြစ်ရပ်ဟာသတင်းပေါက်ကြားမှုကြောင့်စစ်တပ်ရဲ့ဝင်ရောက်စီးနင်းချင်းကိုခံရတာပဲ။သတင်းပေးဒလန်ကိုမိပေမယ့်ပေးဆပ်ရမှုကကြီးမားလွန်းတယ်။ပြည်သူတွေရော၊PDFတွေပါအများအပြားကျဆုံးပြီးလက်နက်တွေပါဆုံရှုံးလိုက်ရတယ်။