Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဩဂုတ် ၀၄၊ ၂၀၂၂။ (ကြာသပတေး)

August 10, 2022
in အာဏာသိမ်း ဒိုင်ယာရီ
Share on FacebookShare on Twitter

စစ်အာဏာသိမ်းပြီးနောက်ဒေါ်လာ၊ရွှေ၊ကား၊စက်သုံးဆီ၊စားသုံးဆီ၊ဆေးဝါးစတဲ့ဈေးနှုန်းတွေအပြိုင်အဆိုင်တက်လာပြီးအခုနောက်ဆုံးမြန်မာပြည်ရဲ့အဓိကစားသုံးကုန်ဖြစ်တဲ့ဆန်ဈေးတွေပါတက်လာပါပြီ။အရင်ကတစ်အိတ်ငါးသောင်းကျပ်ခန့်သာရှိတဲ့အကောင်းစားရွှေဘိုပေါ်ဆန်းဆန်ဈေးဟာအခုတစ်သိန်းဖြစ်သွားပြီ။ရွှေဘိုပေါ်ဆန်းဆန်ထွက်တဲ့စစ်ကိုင်းတိုင်းရွှေဘိုမြို့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေကြောင့်စပါးမစိုက်နိုင်ကြတော့ဘူး။ဧရာဝတီတိုင်းဖက်ကအခြားဆန်အမျိုးအစားတွေလဲအလားတူဈေးတွေထိုးတက်နေတယ်။

ဆန်ဈေးဟာလည်းပြန်ကျဖို့လမ်းမမြင်ဘူး။စပါးစိုက်တဲ့အထက်ပိုင်းဒေသစစ်ကိုင်းနဲ့မကွေးမှာစစ်တပ်ကနယ်မြေတစ်ခုလုံးကိုအကြမ်းဖက်မီးရှို့လူသတ်နေလို့ဒေသခံတွေစပါးမစိုက်နိုင်တော့ပဲထွက်ပြေးနေရတယ်။အောက်ပိုင်းကဧရာဝတီတိုင်းမှာလဲဒေါ်လာဈေးကြောင်းဓာတ်မြေဩဇာဈေးတွေတက်နေလို့စိုက်ဧကတွေလျော့ကျနေတယ်။ဒီကြားထဲမှာထွက်သမျှစပါးတွေကိုစစ်ကောင်စီကဈေးကွက်ထဲပေးမဖြန့်ပဲလိုက်ဝယ်နေတယ်လို့သတင်းတွေကြားနေရတယ်။ပြည်တွင်းမှာဆန်ရှားလာပေမယ့်စစ်ကောင်စီကဒေါ်လာလိုအပ်နေတာကြောင့်ပြည်ပဆန်တင်ပို့မှုကိုမလျော့ပဲတိုးတောင်တိုးလာသေးတယ်။ဒါကြောင့်ရေရှည်မှာဆန်ဈေးဟာဆက်တက်ဖို့ပဲရှိမယ်။

ဆန်ဈေးတက်တာဟာအခြေခံလူတန်းစားများစွာကိုကြီးမားတဲ့ထိခိုက်မှုတွေရှိလာမယ်။အကုန်ငတ်လာကြတဲ့အချိန်တစ်ခုရောက်လာရင်လူတွေဟာလမ်းပေါ်ပြန်ထွက်ဆန္ဒပြကြမလား၊ခိုးဆိုးလုယက်ကြမှာလားဘယ်သူမှအသေအချာမပြောနိင်ဘူး။ကျိန်းသေတာကတော့ထိုအချိန်တစ်ခုဟာမကြာခင်ရောက်လာလိမ့်မယ်။

Related Posts

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)

May 4, 2025

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...

မေ ၀၃၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၃၊ ၂၀၂၅။ (စနေ)

May 3, 2025

တရုတ်ရဲ့ဖိအားပေးမှုတွေဟာ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ ကျဥ်းထဲကြပ်ထဲရောက်လာနေပါပြီ။တော်လှန်ရေးက ၄...

မေ ၀၂၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၂၊ ၂၀၂၅။ (သောကြာ)

May 2, 2025

စစ်​ကောင်စီ နှင့် TNLA တို့၏ ကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရ​ကြောင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English