မြင်းမူမြို့နယ်လက်ပံကျင်းကျေးရွာကိုလည်းမနေ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲရဟတ်ယာဉ်လေးစီးနဲ့လာရောက်ပစ်စီးနင်းတယ်။PDFတွေအစည်းအဝေးလုပ်နေတယ်ဆိုပြီးရွာကိုလေကြောင်းကနေစစ်သားတွေချပြီးစီးနင်းတာပါ။ရွာထဲမှာကိုယ်ထူကိုယ်ထပညာရေးစနစ်နဲ့စာသင်နေတဲ့မူလတန်းအရွယ်ကလေးငယ်တွေအပါအဝင်ပြည်သူတစ်ရာကျော်ခန့်ကိုလဲဖမ်းဆီးလိုက်တယ်။ကလေးတွေစာသင်နေတဲ့နေရာမှာPDFတွေအစည်းအဝေးလုပ်စရာဘာအကြောင်းမှမရှိဘူး။စစ်သူပုန်တွေကရမ်းကားချင်တိုင်းရမ်းကားနေတာ။ဒီနေ့မှာဖမ်းဆီးထားတဲ့ပြည်သူတစ်ရာကျော်ကိုပြန်လွှတ်ပေးလိုက်ပေမယ့်ရွာသားဆယ်ဦးခန့်ကိုအကြောင်းမဲ့သတ်ဖြတ်သွားသေးတယ်။
စစ်ကိုင်းတိုင်းကတော့စစ်သူပုန်တွေရဲ့ဒဏ်ကိုအလူးအလဲခံနေရဆဲပဲ။ထိရောက်တဲ့ကာကွယ်မှုတွေအခုထိမလုပ်နိုင်သေးဘူး။ပြီးခဲ့လကတော့စစ်ကိုင်းတိုင်းကPDFတွေအတွက်လက်နက်ကြီးတွေထောက်ပံဖို့ရံပုံငွေကောက်ခံရမှာသိန်းသုံးသောင်းနီးပါးရလိုက်တယ်။ထိုငွေတွေကိုအသုံးပြုပြီးစစ်ကိုင်းတိုင်းကိုကာကွယ်ပေးဖို့မျှော်လင့်နိုင်ကောင်းပါရဲ့။