စစ်ကောင်စီဟာသူတို့ရဲ့နောက်ဆုံးထွက်ပေါက်အဖြစ်၂၀၂၃မှာရွှေးကောက်ပွဲလုပ်ပြီးအခုမတရားလုယူထားတဲ့တိုင်းပြည်အာဏာကိုတရားဝင်အောင်လုပ်ဖို့ကြိုးစားနေတယ်။သူတို့လုပ်မယ့်ရွှေးကောက်ပွဲဆိုတာကလဲပီအာစနစ်ဖြစ်ပြီးလွတ်တော်မှာအလိုအလျောင်နှစ်ဆယ့်ငါးရာခိုင်နှုန်းရထားတဲ့စစ်တပ်ကတသက်လုံးတိုင်းပြည်ကိုအုပ်ချုပ်လို့ရမယ့်နည်းလမ်းပဲ။ထိုရွှေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတဲ့ကတိနဲ့အာဆီယံနဲ့နိုင်ငံတကာကိုချွေးသိပ်ထားတယ်။ အခုလက်ရှိအနေအထားအရစစ်ကောင်စီဟာစစ်ရေးရောနိုင်ငံရေးမှာပါထွက်ပေါက်ပိတ်နေတယ်။ဒါကြောင့်ထိုရွှေးကောက်ပွဲနဲ့ထွက်ပေါက်ရှာဖို့ကြိုးစားလျက်ရှိတယ်။ ဒါပေမယ့်၂၀၂၃မှာသူတို့ပြုလုပ်ပေးမယ်ဆိုတဲ့ရွှေးကောက်ပွဲဟာဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။ဘာလို့လဲဆိုတော့လက်ရှိအခြေအနေမှာတင်မြို့ကြီးတွေကလွဲလို့တစ်နိုင်ငံလုံးမှာစစ်ဖြစ်နေပြီ။အခြေအနေဟာဒီထက်ပိုဆိုးလာဖို့ပဲရှိမယ်။ဘယ်ဘက်ကနိုင်မယ်ဆိုတာအခုအချိန်ထိပြတ်ပြတ်သားသားမသိသေးပေမယ့်လာမယ့်တနှစ်အတွင်းတော့အရင်လိုငြိမ်းငြိမ်းချမ်းချမ်းပြန်မဖြစ်တော့ဘူးဆိုတာသေချာတယ်။ပြည်သူတစ်ရပ်လုံးကလဲစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအယုံအကြည်ရှိဖို့နေနေသာသာစကားထဲတောင်အရေးလုပ်ပြီးထည့်မပြောကြဘူး။တစ်ခုရှိတာကစစ်အုပ်စုဟာသူတို့လုပ်နေကြအတိုင်းညစ်လုံးတွေ၊မသမာမှုမျိုးစုံတွေသုံးပြီးမရမကလုပ်လာနိုင်တယ်။အချိန်ကတော့ဝေးပါသေးတယ်။လာမယ့်တစ်နှစ်အတွင်းဘာတွေဖြစ်လာမလဲဆိုတာဘယ်သူမှမခန့်မှန်းနိုင်ဘူးလေ။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...