မြန်မာကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ရောက်နှင့်နေပြီး အာဆီယံ အထူးသံတမန် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး ပရပ်ဆော့ဟွန်းနှင့်တွေ့ဆုံပြီးတရုတ်၏အချက်(၃)ချက်ပါရပ်တည်ချက်ကို ထုတ်ပြန်လိုက်တယ်။အဓိကကတော့စစ်ကောင်စီကိုအတိုက်အခံတွေနဲ့တွေ့ဆုံဆွေးနွေးခိုင်းတာပဲ။ ပီးတော့အချက်သုံးချက်ကိုထုတ်ပြန်တယ်။ထိုအချက်တွေကိုရှင်းရှင်းပြောရရင် လက်ရှိ အနေအထား အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ဆွေးနွေးသွားကြရန်၊ စစ်ခေါင်းဆောင်များ၏ ရွေးကောက်ပွဲ လမ်းကြောင်း နှင့် ဖေါ်ထုတ်မည့် ဒီမိုကရေစီ ဆိုသည်အား ထောက်ခံရန်၊ အာဆီယံကိုလဲ ကြာချင်သလောက်ကြာ၊ ဒီအတိုင်းပဲ ဆက်သွား ဆိုပြီးပြောထားတယ်။ မြန်မာပြည်သူတွေလိုလားတဲ့အချက်တစ်ခုမှမပါဘူး။စစ်ကောင်စီကိုတရားဝင်အောင်အချိန်ပေးဆွဲဆန့်ထားတယ်။ဒါတောင်တရုတ်ဟာသူ့အကျိုးစီးပွားတွေထိခိုက်လာလို့ဒီလောက်အသံထွက်လာတာဖြစ်တယ်။ပြီးခဲ့တဲ့လကစစ်ကိုင်းတိုင်းမှာရှိတဲ့ဝမ်ပေါင်ကြေးနီစီမံကိန်းကိုတော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်ပြီးနောက်ပိုင်းတရုတ်ဟာပြည်တွင်းကသူ့စီမံကိန်းတွေရှေ့ဆက်လို့မရတော့မှာစိုးရိမ်လာတယ်။အခုတော့ဒီအကြပ်အတည်းကိုမြန်မြန်ဖြတ်ဖို့စစ်ကောင်စီကိုဖိအားပေးနေပြီ။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...