ကရင်ပြည်နယ်မှာစခန်းသိမ်းတိုက်ပွဲဆင်နွဲနေတုန်းမှာပဲခူးကရင်နယ်စပ်ကျောက်ကြီးမြို့နားကစစ်ကောင်စီစခန်းလေးခုကိုKNUကတစ်ရက်ထဲမှာတိုက်ခိုက်သိမ်းပိုက်ရာစစ်သူပုန်တွေဘက်ကတပ်ရင်းမှုးအပါအဝင်အမြောက်အမြားကျဆုံးထွက်ပြေးကုန်ကြတယ်။စစ်တပ်ဘက်ကစစ်ကူအမြောက်အမြားနဲ့စစ်ကြောင်းထိုးလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေလို့ဒေသခံပြည်သူလေးသောင်းကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်။
ဥကရစ်ထတိုက်ပွဲကတော့ဒီနေ့နဲ့ဆိုတပတ်ကျော်ကြာနေပြီ။စစ်ကောင်စီကစခန်းမကျရေးအပြင်းအထန်ခုခံနေလို့ခက်ခဲနေဆဲပဲ။ဒီတိုက်ပွဲကကြာလာရင်ကိုယ့်ဘက်ကအခြေအနေကောင်းမှာမဟုတ်ဘူး။အခုတောင်အကျအဆုံးတွေရှိနေပြီလေ။ဘာပဲဖြစ်ဖြစ်စခန်းကိုမရလဲစစ်သူပုန်အင်အားများစွာကိုငရဲပို့နိုင်လိုက်တာအမြတ်ပဲ။