မေလ ၁၀ ရက်နေ့က စစ်သူပုန်တွေဟာ စစ်ကိုင်းတိုင်း မုံတိုင်ပင်ရွာသား စုစုပေါင်း၂၈ ဦးကို သတ်ဖြတ်ကာ အလောင်းများကို အိမ်နှင့်အတူမီးရှို့သွားခဲ့တယ်လို့ RFA ကထုတ်လွင့်သွားတယ်။ ဘုန်းကြီးကျောင်းတစ်ခုဝင်းအတွင်း လူငယ်၊ လူကြီး အရပ်သား ၃၀ ခန့်ကို သုံးတန်းစုပြီး လက်ပြန်ကြိုးတုပ်ကာထိုင်ခိုင်းထားကာ မျက်လုံးများကိုပုဆိုးစဖြင့်စည်းကာ လက်ပြန်ကြိုးတုပ်လျက် နောက်စေ့ကနေပစ်သတ်ထားတာပါ။ အလောင်းတွေကိုသတ်ပြီးတော့ အိမ်တွေထဲမှာ ဆွဲထဲ့ ပစ်ထဲ့ပြီးတော့မှ အိမ်တွေမီးရှို့ပြီးအလောင်းဖျောက်ထားခဲ့တယ်။ မီးရှို့တဲ့အိမ်မှာပစ်ထဲ့ထားခဲ့တယ်။” ဟု ဒေသခံတစ်ဦးက ပြောတယ်။
စစ်ကောင်စီတပ်စစ်သားတစ်ဦးက ကျကျန်ခဲ့သော တယ်လီဖုန်းကို အရပ်သားတစ်ဦးက ကောက်ယူရရှိခဲ့ရာ တယ်လီဖုန်းပိုင်းရှင်စစ်သားအပါအဝင် စစ်သားသုံးဦးက အရပ်သားများကို လည်လှီးသတ်ဖြတ်မှုအပါအဝင် သတ်ဖြတ်မှုများအရေအတွက်ကို ဂုဏ်ယူစွာပြောကြားနေသော ဗီဒီယိုနှင့် သတ်ဖြတ်ခြင်းခံရသောအရပ်သားများ၏ ဓာတ်ပုံများစွာ RFAကိုရောက်သွားတာပဲ။
ဒါဟာကြီးမားတဲ့စစ်ရာဇဝတ်မှုပဲ။ဒါမျိုးဖြစ်ရပ်တွေနိုင်ငံအနှံအပြားမှာလူမသိသူမသိဖြစ်ပျက်လျက်ရှိတယ်။