မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတယ်လို့ မြန်မာနောင်း သတင်း မှာ ဖတ်လိုက်ရတယ်။ နှစ်ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရတယ်တဲ့။ စစ်ကောင် စီက ပြည်သူလူထုအပြင် သူတို့ဖမ်းဆီးထားတဲ့သူတွေကိုလည်း မသေရုံတမယ် နှိပ်စက်နေတယ်။ စစ်ကောင် စီမကျေနပ်တဲ့သူတွေ မှန်သမျှဟာ ပြည်သူအားလုံးဖြစ်နေတယ်။ ပြည်သူတွေကို အကြောင်းအမျိုးမျိုးနဲ့ ပြပြီး လိုက်လံဖမ်းဆီးနှိပ်စက်နေတယ်။ လမ်းသွားလမ်းလာတိုင်း အရမ်းဆင်ခြင်ရတယ်။ သူတို့ကို မျက် ခြည်မပြတ်သတိထားနေရပြီး အန္တရယ်ကို ရှောင်နေရတဲ့အဖြစ်တွေပါ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...