NUCC မှာ NLD ပါတီမပါတော့ဘူးလို့သတင်းတွေထွက်လာတယ်။ မီဒီယာတွေကမေးမြန်းစုံစမ်းတော့ တကယ်လည်း NUCC မှာ NLD ကကိုယ်စားပြုကိုယ်စားလှယ်မခန့်အပ်ထားဘူး။ CRPH က NLD ကိုယ်စားလှယ်တွေနဲ့ ရောချထားတယ်။
တကယ်က NLD လိုဝါရင့်ပါတီကြီးမျိုးက NUCC မှာပါကိုပါသင့်တယ်။ NLD ကဟိုလိုလိုဒီလိုလိုလုပ်နေတော့ NUCC မှာအားလျော့တာပေါ့။ NLD ကိုယ်တိုင်လည်း ထိပ်တန်းခေါင်းဆောင်းတွေအဖမ်းခံထားရတော့မလုပ်တတ်မကိုင်တတ်ဖြစ်နေတယ်။ NUCC ဟာလည်း ဇန်နဝါရီညီလာခံပြီးကတည်းကအခုချိန်ထိဘာသံမှထွက်မလာတော့ဘူး။ တော်လှန်ရေးဟာစစ်ရေးပိုင်းမှာရှေ့ရောက်နေပေမယ့်နိုင်ငံရေးပိုင်းမှာတော့တိတ်ဆိတ်နေတယ်။