NUGဝန်ကြီးဒေါ်ဇင်မာအောင်ဟာဝါရှင်တန်မှာUSဒုနိုင်ငံခြားရေးဝန်ကြီး၊မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့နဲ့တရားဝင်အလွတ်သဘောတွေ့ဆုံနိုင်ခဲ့တယ်။သတင်းမထုတ်ပြန်ပဲတွေ့ဆုံနိုင်ခဲ့တဲ့သူတွေလဲရှိလိမ့်မယ်။ထူးခြားမှုကတော့မလေးရှားနိုင်ငံရဲ့ပြတ်သားမှုပဲ။စစ်ကောင်စီကိုအသိအမှတ်မပြုပဲNUGနဲ့ဆက်တိုက်တွေ့ဆုံဆွေးနွေးမယ်လို့ပြတ်ပြတ်သားသားပြောသွားပြီးအာဆီယံနိုင်ငံတွေထဲမှာNUGကိုပထမဆုံးတရားဝင်ထိတွေ့ဆက်ဆံတဲ့နိုင်ငံဖြစ်လာတယ်။တိုးတက်မှုတွေကနှေးကွေးပေမယ့်တဖြည်းဖြည်းနဲ့တော့ရှိလာပြီ။ဒေါ်ဇင်မာအောင်ရဲ့USခရီးစဉ်ကြောင့်တခြားဘာတွေဆက်ရှိလာမလဲစောင့်ကြည့်ရမယ်။
စစ်ကောင်စီကတော့သံတမာန်ရေးမှာဆက်တိုက်ကျရှုံးနေတယ်။အခုဆိုရင်အနောက်နိုင်ငံအတော်များများကသံရုံးတွေမှာသံအမတ်အဆင့်မထားကြတော့ဘူး။စစ်ကောင်စီကိုတဆင့်လျော့ဆက်ဆံနေကြတယ်။