အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့နေအိမ်ကိုNUGကဒေါ်လာဆယ်သန်းနဲ့ရောင်းချနေတယ်။နှစ်ရက်အတွင်းမှာဒေါ်လာတစ်သန်းရရှိသွားပြီ။ပြည်သူတွေရဲ့နေအိမ်တွေကိုလိုက်လံချိတ်ပိတ်ခဲ့သမျှအခုတော့သူတို့ခံလိုက်ရတာပဲ။ချိတ်ပိတ်ထားတဲ့အိမ်တွေကိုစစ်ကောင်စီကရောင်းချဖို့ကြိုးစားနေပေမယ့်လဲဘယ်သူမှမဝယ်ကြဘူး။
တနိုင်ငံလုံးကရွာတွေမှာလဲစစ်တပ်ကမီးရှို့လို့ပျက်စီးသွားတဲ့အိမ်ခြေပေါင်းတစ်သောင်းကျော်သွားပြီ။အထူးသဖြင့်စစ်ကိုင်းတိုင်းမှာပေါ့။ခိုကိုးရာမဲ့ပြည်သူတွေအတွက်ထိရောက်တဲ့အကူအညီဆိုတာဘာမှမရှိသေးဘူး။နယ်ဘက်ကပြည်သူတွေဟာတော်လှန်ရေးအတွက်တက်နိုင်သမျှတောင့်ခံနေကြတယ်။
ဇွန် ၀၃၊ ၂၀၂၅။ (အင်္ဂါ)
ရုရှားနိုင်ငံထဲကလေတပ်စခန်းတွေကိုယူကရိန်းက ဒရုန်းပေါင်းများစွာအသုံးပြုပြီးတိုက်ခိုက်သွားတယ်။ထိုတိုက်ခိုက်မှုကြောင့် ရုရှားဗုံးကြဲလေယာဥ်ကြီးတွေ အများအပြားပျက်စီးကုန်တယ်။ယူကရိန်းဟာထိုစစ်ဆင်ရေးအတွက် အချိန်ယူပြီးသေချာစီမံတိုက်ခိုက်ခဲ့တာပါ။...