မြန်မာ့အရေးဟာအာဆီယံမှာဒီလထဲအနည်းငယ်လှုပ်ရှားမှုရှိလာလိမ့်မယ်။သဘက်ခါမှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေစုဝေးပြီးမြန်မာကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့တိုင်ပင်ကြလိမ့်မယ်။အဲ့ဒီအတွက်မလေးရှားနိုင်ငံနဲ့ကုလအထူးကိုယ်စားလှယ်တို့ဟာNUGနဲ့တရားဝင်တွေ့ဆုံသွားတယ်။NUGနဲ့လူသိရှင်ကြားတွေ့ဆုံတာဒါပထမဆုံးအကြိမ်ပဲ။စစ်ကောင်စီဘက်ကတော့အပြင်းအထန်ကန့်ကွက်နေလေရဲ့။ ဒီကိစ္စဟာမပြောပလောက်ပေမယ့်တိုးတက်ဖြစ်ထွန်းမှုတစ်ခုပဲ။
ဒီလလယ်လောက်မှာလဲအမေရိကန်အာဆီယံထိပ်သီးအစည်းအဝေးရှိသေးတယ်။အဲ့ဒီမှာမြန်မာ့အရေးလဲကျိန်းသေပေါက်ပါမှာပဲ။သဘက်ခါအာဆီယံအစည်းအဝေးကအမေရိကန်ကိုအပြကောင်းအောင်လုပ်တဲ့အစည်းအဝေးလဲဖြစ်နိုင်တယ်။ပီးရင်လကုန်လောက်မှာအာဆီယံအထူးကိုယ်စားလှယ်လဲလာဦးမယ်။အဲ့ဒါတွေပီးရင်လောက်လောက်လားလားဘာတွေတိုးတက်လာမလဲဆိုတာစောင့်ကြည့်ရမယ်။