မကွေးတိုင်း၊ပေါက်မြို့နယ်မှာပြီးခဲ့တဲ့အပတ်ကစစ်ကောင်စီလက်နက်ထုတ်လုပ်ရေးစက်ရုံကိုပို့မယ့်လက်နက်ကုန်ကြမ်းတွေတင်ဆောင်လာတဲ့တွဲကားသုံးစီးကိုPDFတွေကဖမ်းဆီးလိုက်နိုင်တယ်။တွဲကားတွေနဲ့အတူပါလာတဲ့စစ်သူပုန်၇ယောက်ကိုလဲအရှင်ရလိုက်တယ်။ထိုကိစ္စဟာစစ်ကောင်စီအတွက်ကြီးစွာသောအရှက်ရမှုကိုဖြစ်စေပြီးစစ်တပ်ဟာပါသွားတဲ့ပစ္စည်းတွေနဲ့လူတွေကိုပြန်ရဖို့ချက်ချင်းတောနင်းရှာဖွေတယ်။ထုံးစံအတိုင်းထိုဒေသတဝိုက်ကမဆိုင်တဲ့ရွာတွေကိုမီးရှို့ဖျက်စီးနေတာအခုဆိုရင်ရွာပေါင်းဆယ်ရွာခန့်မီးရှို့ခံလိုက်ရတယ်။တချို့ရွာတွေမှာဆိုရွာသားတွေပါအရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရတယ်။ဒေသခံ PDFတွေကလဲအစွမ်းကုန်ခုခံကာကွယ်နေတယ်။တွဲကားတွေပေါ်ကလက်နက်ကုန်ကြမ်းတွေကိုတော့PDF တွေကအစဖျောက်လိုက်ပြီ။
ရန်ကုန်မှာဗဟိုဘဏ်ဒုဥက္ကဌလုပ်ကြံခံလိုက်ရတဲ့ပျံလွှားအောင်စစ်ဆင်ရေးအဆုံးသတ်အပြီးမှာနောက်တဆင့်ဖြစ်တဲ့နန်းထိုက်အောင်စစ်ဆင်ရေးကိုစတင်လိုက်တယ်။အစမှာပဲလမ်းမတော်မြို့နယ်ကစစ်ဘက်ဆိုင်ရာအရာရှိဗိုလ်မှူးတယောက်စျေးဦးပေါက်သွားပြီ။မြို့တော်ခန်းမရှေ့ကစစ်ကောင်စီရဲ့ရေကစားမဏ္ဌပ်လဲဖောက်ခွဲခံလိုက်ရတယ်။နန်းထိုက်အောင်စစ်ဆင်ရေးဟာမြန်မာပြည်အောက်ပိုင်းတစ်ခုလုံးကမြို့ပြပျောက်ကြားစစ်ဆင်ရေးလို့ NUG ကကြေငြာထားတယ်။