ဒီနေ့ တပ်မတော်နေ့တဲ့။ ရန်ကုန်မှာ သာကေတ၊ ဗဟန်း၊ ဒလ မြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်တယ်။ အဲဒီလို လှုပ်လှုပ်ရှားရှားလေးဖြစ်တာကောင်းတယ်။ စစ်ကောင်စီအနေနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်တွေ၊ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေ စုစုပေါင်း ၅၁ ဦးကို အလင်္ကာကျော်စွာ ဘွဲ့နဲ့ လူမှုထူးချွန်ဆုတွေပေးအပ်ချီးမြှင့်တယ်လို့ ကြေညာလိုက်တယ်။ အဲဒီလိုစာရင်းထွက်လာတဲ့အတွက် ပြည်သူက Social Punishment လုပ်ရမယ့် အနုပညာရှင်ကိုစာရင်းနဲ့တကွသိသွားတာပေါ့။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...