ကျွန်တော်စိတ်ဓါတ်တွေကျလာတယ်။ ကျွန်တော့်လိုပဲ မြန်မာပြည်သူပြည်သားအားလုံးစိတ်ဓါတ်တွေ ကျနေလိမ့်မှာဆိုတာအသေအချာပဲ။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အမြန်ဆုံးအဆုံးသတ်ချင်နေကြ ပါပြီ။ အခုရက်ပိုင်း စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတဲ့သတင်း၊ ရွာတွေကို မီးရှို့သွားတဲ့သတင်း၊ အပြစ် မဲ့ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်သွားတဲ့သတင်းတွေ နားနဲ့မဆံ့နေအောင်ကြားနေရတယ်။ ဘယ်လို လုပ်ရမလဲမသိတော့ဘူး။ တရားမျှတမှုဆိုတာ မြန်မာနိုင်ငံမှာမရှိတော့ပါဘူး။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


