စစ်တပ်ထဲက စစ်သားအချို့ CDM လုပ်လာကြတာတွေ့ရတယ်။ သူတို့စစ်တပ်ထဲမှာလည်းတော်တော် များများက အခြေအနေမဟန်ကြဘူး။ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ ယိုင်နဲ့နဲ့ဖြစ်နေပြီဆိုတာ ကို ပြည်သူတွေကသတိထားမိကြတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ဆီမှာ အာဏာနဲ့ လက်နက်ရှိနေတာမို့ ဇာတ်လမ်းကဘယ်လောက်ရှည်ကြာဦးမလဲမသိဘူး။ လူတွေတော့ တော်တော်လေးပင်ပန်းနေကြပါပြီ။
ဇွန် ၁၇၊ ၂၀၂၅။ (အင်္ဂါ)
ကမ္ဘာ့နိုင်ငံရေး အခြေအနေပြောင်းလဲလာမှုတွေကြောင့် ပြည်တွင်းရွှေစျေးနဲ့ဒေါ်လာစျေးတွေတက်ရိပ်ပြလာပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့အီရန်တို့အပြန်အလှန်ဒုံးကျည်တွေနဲ့ပစ်နေတာကြောင့် စစ်ဖြစ်မှာစိုးရိမ်ပြီး...