ပြည်တွင်းမှာစက်သုံးဆီစျေးနှုန်းအဆမတန်မြင့်တက်လာတယ်။နေ့စဉ်တစ်လီတာကိုရာဂဏန်းနှုန်းနှင့်ဆက်တိုက်မြင့်တက်နေရာမှာအခုဆိုရင်တစ်လီတာ၂၅၀၀ကျပ်ခန့်အထိကိုရောက်ရှိသွားပြီ။ဒါဟာသမိုင်းတစ်လျှောက်အမြင့်ဆုံးစျေးလို့ပြောလို့ရတယ်။ယူကရိန်းစစ်ပွဲဖြစ်ပွားနေလို့ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းတွေပါတက်နေတယ်ဆိုပေမယ့်ပြည်တွင်းမှာဒီလောက်ထိတော့မမြင့်တက်သင့်ဘူး။စက်သုံးဆီစျေးနဲ့အပြိုင်ဒေါ်လာစျေးပါတက်နေတော့ပိုဆိုးသွားတယ်။
ဆီစျေးတက်ခြင်းဟာလူတန်းစားပေါင်းစုံကိုတိုက်ရိုက်ထိခိုက်တယ်။အခုလိုလျှပ်စစ်မီးတွေပျက်နေချိန်မှာပိုဆိုးတယ်။စက်ရုံတွေမလည်ပတ်နိုင်တော့ဘူး။ကုန်ကားတွေ၊တက္ကစီတွေမထွက်နိုင်တော့ဘူး။မီးစက်တွေလဲမမောင်းနိုင်တော့လို့အသေးစားလုပ်ငန်းတွေပါအကုန်ရပ်ကုန်ပြီ။အဲ့ဒီတော့ကုန်စျေးနှုန်းတွေပါထပ်တက်လာမယ်။နိုင်ငံရေးအခြေနေအရဆီစျေးဟာဒီထက်ပိုပြီးတက်ပိုပဲရှိမယ်။အခုတောင်ဒီလောက်ဒုက္ခရောက်နေရင်ရှေးဆက်မတွေးရဲစရာပဲ။