Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မိုးဗြဲတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦး အနည်းဆုံး သေဆုံး

နေပြည်တော်နှင့် နီးကပ်သည့် မိုးဗြဲကို စစ်ကောင်စီတပ်က အပြင်းအထန်တိုက်ခိုက်နေပြီး ဒီးမော့ဆိုမြို့ကိုပါ တိုက်ခိုက်ဖွယ်ရှိသည်ဟု PDF/KNDF တို့က ခန့်မှန်းထားကြသည်။

February 21, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ရှမ်းနှင့် ကယား (ကရင်နီ) နယ်စပ် မိုးဗြဲမြို့တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ သေဆုံးသူ ၁၅ ဦးခန့် အနည်းဆုံးရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၂ က ယနေ့ (ဖေဖော်ဝါရီ ၁၈) တွင်  ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

KNDF တပ်ရင်း ၂ ၏ တယ်လီဂရမ်တွင် ခြေထောက်၊ ဦးခေါင်း ဒဏ်ရာများနှင့် သေဆုံးသူတို့၏ ရုပ်အလောင်းဓာတ်ပုံများကို တွေ့ရှိရသည်။

ပါဝင်တိုက်ခိုက်ခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးဗြဲ PDF) မှ ၇ ဦး၊ ဒေသအခြေစိုက် Karenni Democratic Front (KDF) မှ ဆရာဝန် ၁ ဦး၊ GZ 21 Loikaw မှ ဆေးတပ်သား ၁ ဦး သေဆုံးကြောင်း သက်ဆိုင်ရာ အဖွဲ့များက အသီးသီးထုတ်ပြန်ထားသည်။

တိုက်ပွဲမှာ ယမန်နေ့ နံနက် ၄ နာရီကျော်မှ ညနေ ၆ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က သံချပ်ကာယာဉ်နှစ်စီးဖြင့် ထိုးစစ်ဆင်သည့်ပြင် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပြီး လေယာဉ်ဖြင့်ပါ ဗုံးကြဲခဲ့သည်။

လက်နက်မျိုးစုံနှင့် ထိုးစစ်ဆင်ခံရသည့် ထိုတိုက်ပွဲတွင် တပ်ဖွဲ့ဝင် ၇ ဦး၏ အလောင်းကိုသာ ကောက်ယူနိုင်ခဲ့ကြောင်း မိုးဗြဲ PDF ၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို အတည်ပြုသည်။

“မိုးဗြဲက ရဲဘော်အချို့ကိုတော့ (အလောင်း) ပြန်ကောက်လို့ မရသေးဘူးလို့ပဲ ပြောရမှာပေါ့။ ကျန်တဲ့အဖွဲ့တွေလည်း ထိခိုက်တာတော့ ရှိပေမဲ့ အတိအကျတော့ အတည်ပြုလို့ မရသေးဘူးခင်ဗျ” ဟု ၎င်းက ယနေ့ နေ့လယ်တွင် ပြောသည်။

ယနေ့ မွန်းလွဲ ၁ နာရီအထိ ကာကွယ်ရေးတပ်ဖွဲ့အချို့ထံ ဆက်သွယ်မေးမြန်းချက်များအရ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ အချို့အလောင်းများကို မကောက်ယူနိုင်သေးဘဲ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း သိရသည်။

တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည့် မိုးဗြဲ PDF ဘက်မှ သေဆုံးမှု အများဆုံးဖြစ်သည်။

အလောင်းကောက်ရန် သွားသည့် ကားတစ်စီး ယမန်နေ့က ပစ်ခတ်ခံရသဖြင့် ကားကို စွန့်ပစ်၍ ထွက်ပြေးလာရကြောင်း ၎င်းက ဆက်ပြောသည်။

အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲမြို့ပေါ်ရပ်ကွက်များ၊ မြို့အနောက်ဘက် ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာတို့မှ စစ်ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးအင်အားများ၊ လေကြောင်းပစ်ကူပါ အသုံးပြုပစ်ခတ်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အကျအဆုံးများရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“မြေပြင်အနေအထားအရ ကျွန်တော်တို့က ကောင်းကောင်းလေးတော့ ယှဉ်နိုင်ပေမဲ့လည်း သူတို့ဘက်က လက်နက်ကြီး အဆမတန်သုံးနိုင်တယ်။ လေကြောင်းပစ်ကူပါ သုံးနိုင်တော့ အဲဒီတစ်ချက်မှာ ကျွန်တော်တို့ရဲ့ ရဲဘော်တွေ ထိခိုက်တယ်လို့ပဲ ပြောရမှာပေါ့” ဟု သူက ဆိုသည်။

သေဆုံးခဲ့သည့် မိုးဗြဲ PDF တပ်ဖွဲ့ဝင် ၇ ဦးမှာ အသက် ၂၁ မှ ၂၅ နှစ် အရွယ်ကြား လူငယ်များဖြစ်ပြီး လက်လုပ်သေနတ်ကိုင်ဆောင်သူ ၃ ဦးနှင့် မောင်းပြန်သေနတ်အဟောင်းကိုင်ဆောင်သူ ၄ ဦး ပါဝင်ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လက်နက်အပြည့်အစုံမရှိဘူးဗျ။ မောင်းပြန်တစ်လက်ဆိုရင် လက်လုပ်တစ်လက် ကြားညှပ်တဲ့ အနေအထားမျိုးပဲ ရှိတယ်။ မောင်းပြန်တောင်မှ အဟောင်းပဲဗျ။ သူများလိုမျိုး တောက်လျှောက်ပစ်လို့ မရဘူး။ တချို့ကလည်း ဘာမှ မပါဘဲနဲ့ ရိက္ခာတွေသွားပို့တာတို့ ဘာတို့ရှိတယ်” ဟု ဆိုသည်။

လက်နက်ကြီးကျည်ပေါက်ကွဲမှု၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းတို့ကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“လက်နက်အင်အားမမျှလို့။ အဓိကတော့ လက်နက်ကြီးတွေ အလွန်အကျွံသုံးလို့ပေါ့နော်။ ကျွန်တော်တို့က ရှိတဲ့ဟာနဲ့ အတတ်နိုင်ဆုံး အရေးတော်ပုံအောင်တဲ့အထိ မိုးဗြဲ PDF အနေနဲ့တော့ ကြိုးစားဦးမှာပဲ” ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များဖြစ်သည့် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို တို့အပြင် KNDF, ကရင်နီတပ်မတော် (KA) နှင့် အခြား ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် GZ 21, KGZ တို့ကပါ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

KNDF နှင့် အခြားကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း သေဆုံးသည်ဟု သိရပြီး ၎င်းတို့ထံ ဖုန်းဆက်၍ မရသေးသဖြင့် အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးပေ။

အလားတူ ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း သေဆုံးသူ အများအပြားရှိကြောင်း PDF တပ်အချို့က ပြောသည်။

ယနေ့နံနက်တွင်လည်း ရှမ်းပြည်နယ်တောင်ကြီးမြို့မှ စစ်ကား အစီး ၄၀ ကျော်ဖြင့် မိုးဗြဲသို့ စစ်ကောင်စီတပ်က စစ်ကူပို့လာကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပြီး ယနေ့ ဖေဖော်ဝါရီ ၁၈ မွန်းလွဲအထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ကယားပြည်နယ် မြို့တော်လွိုင်ကော်နှင့် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်သည့် ဒီးမော့ဆိုမြို့နယ်သို့ အဓိကဆက်သွယ်သွားလာရာ လမ်းကြောင်းဖြစ်သည့် မိုးဗြဲမြို့တွင် ယခုတစ်ကြိမ်တိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်သည်။

မိုးဗြဲသည် ဒေသတွင်း သွားလာရေးအချက်အချာကျသော ဒေသတစ်ခုဖြစ်သည်ဟု အထက်ပါမိုးဗြဲ PDF တပ်ဖွဲ့ဝင်က ဆိုသည်။

“ကျွန်တော်တို့ ရိက္ခာပို့ရင်လည်း မိုးဗြဲကို ဖြတ်ကို ဖြတ်ရတယ်။ အခုလည်း ဝါရီဆူးဖလိုင်ဘက်ကို (စစ်)ထိုးလာပြီဆိုရင် သေချာတယ် နန်းမယ်ခုံတို့၊ ဒီးမော့ဆိုတို့လည်း ဆက်ထိုးမှာပဲ” ဟု သူက ခန့်မှန်းသည်။

လက်နက်ကိုင်တော်လှန်ရေး ၉ လကျော် ကြာမြင့်လာသော ကရင်နီပြည်နယ်တွင်း တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုများဘက်က တစ်ရက်တည်း အသေအပျောက်အများဆုံးရှိခဲ့သော တိုက်ပွဲလည်းဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ အခြေစိုက်သည့် နေပြည်တော်နှင့် လေးနာရီခွဲဝန်းကျင် ခရီးသာရှိသည့် မိုးဗြဲကို ထိုးစစ်ဆင်ရန် ဖေဖော်ဝါရီ ၁၅ ကတည်းက သံချပ်ကာယာဉ် ၂ စီး၊ တပ်မ ၆၆ မှ စစ်သား ၂၀၀ မှ ၃၀၀ ကြား တိုးမြှင့်ချထားခဲ့သည်။

ထိုသို့ မိုးဗြဲတွင် စစ်အင်အားတိုးချဲ့ခြင်းမှာ ကယားပြည်နယ်အတွင်း နန်းမယ်ခုံမှတစ်ဆင့် ​​​​ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ချီရန်လည်းဖြစ်နိုင်သည်ဟု ထိုစဉ်ကတည်းက ဒေသကာကွယ်ရေးအဖွဲ့များက ခန့်မှန်းထားခဲ့ကြသည်။

ယမန်နှစ် မေလ မိုးဗြဲရဲစခန်းသိမ်းတိုက်ပွဲနှင့် စက်တင်ဘာလကုန်ပိုင်းက ဖယ်ခုံမှ လွိုင်ကော်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တားဆီးတိုက်ခိုက်ခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က အသေအပျောက်များခဲ့သည်။

Source – Myanmar Now

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English