အသံတိတ်သပိတ်နေ့တုန်းကညောင်ဦးမှာလူတစယောက်ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြပြီးသေဆုံးသွားတယ်။ဒီကာလမှာအဲ့ဒီလောက်ပြင်းထန်တဲ့ဆန္ဒပြမှုမျိုးဒါပထမဆုံးပဲ။အသံတိတ်သပိတ်သတင်းတွေနဲ့မို့လူသိပ်မသိလိုက်ဘူး။မနေ့ကလည်းရန်ကုန်မှာ စစ်ကားရှေ့ပြေးဝင်ပြီး လက်သုံးချောင်းထောင်တဲ့ လူငယ် မိခင်ရှေ့မှာပဲ ပစ်သတ်ခံလိုက်ရတယ်။
ဒီဖြစ်စဉ်တွေဟာ ရုတ်တရက်ကြည့်လိုက်ရင် မတန်ဘဲ ပေးဆပ်လိုက်ရာ ကျတယ်။ ဒါပေမယ့် ပြည်သူတွေဟာ နက်နက်ရှိုင်းရှိုင်းကို အသိလက်လွတ်ဖြစ်တဲ့အထိစစ်အာဏာရှင်ကို မုန်းတီးနေပြီဆိုတာ ပြသနေတဲ့ ဖြစ်ရပ်တွေပဲ။ လူဆိုတာ အသက်ကို အခင်တွယ်ဆုံးပဲ။ ကိုယ့်အသက်ကိုတောင် မေ့လျော့သွားတဲ့အထိ ပေါက်ကွဲထွက်လာတဲ့ မုန်းတီးစိတ်တွေ။ အဲ့လောက်ကြီးမားတဲ့ မုန်းတီးစိတ်ကို နည်းနည်းလေးထိန်းချုပ်နိုင်ပြီး အမုန်းတရားဟာ စနစ်ကျလာတဲ့အခါ လတ်တလော ငါတို့ပစ်သတ်နိုင်လိုက်တယ်လို့ ဂုဏ်ယူနေကြတဲ့ကောင်တွေ ပြေးစရာမြေမရှိ ဖြစ်လာလိမ့်မယ်။