ရခိုင်ပြည်နယ်ဘက်မှာAAနဲ့စစ်ကောင်စီတပ်တိုက်ပွဲတွေစတင်ဖြစ်ပွားလာတာအခုဆိုရင်လေးရက်ဆက်တိုက်ဖြစ်နေပြီ။ရခိုင်ပြည်နယ်ဟာအရင်ကတိုက်ပွဲတွေပြင်းထန်ခဲ့ပေမယ့်စစ်အာဏာသိမ်းပြီးနောက်ပိုင်းအတည်ငြိမ်ဆုံးဒေသတစ်ခုဖြစ်တယ်။ဆန္ဒပြပွဲတွေတောင်သိပ်ရှိခဲ့တာမဟုတ်ဘူး။ဒါပေမယ့်အခုတော့သေနတ်သံစပေါက်ခဲ့ပြီ။စစ်ကောင်စီဟာနောက်ထပ်စစ်မျက်နှာတစ်ခုအသစ်ဖွင့်လိုက်ပြီ။
AAအဖွဲ့သာစစ်ကောင်စီကိုအတိအလင်းတော်လှန်တိုက်ခိုက်သွားမယ်ဆိုရင်တော်လှန်ရေးအတွက်ကြီးမားတဲ့အားတစ်ခုဖြစ်လာမယ်။ပြီးခဲ့တဲ့ရက်တွေကပဲတခြားEAOတွေနဲ့ပေါင်းပြီးစစ်ကောင်စီကိုတော်လှန်သွားမယ်လို့စာထုတ်ခဲ့တာအခုတော့တကယ်ဖြစ်လာခဲ့ပြီ။စစ်ကောင်စီလဲအရူးမီးဝိုင်းနေလောက်ပြီ။