ဒီလိုအချိန်မျိုးဆိုတကမ္ဘာလုံးမှာပျော်ရွှင်စွာနှစ်သစ်ကူးကြပေမယ့်မြန်မာပြည်သူတွေကတော့ဒုက္ခတွင်းထဲမှာရုန်းကန်နေရဆဲပဲ။နယ်တွေမှာဆိုဗုံးသံ၊သေနတ်သံတွေကြားပြေးလွှားနေရပြီးစစ်ဘေးရှောင်တွေတိုးသထက်တိုးလာတယ်။လူလိုနားမလည်တဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကြောင့်ပြည်သူတွေဟာရရာလက်နက်ဆွဲကိုင်ပြီးခုခံတော်လှန်နေကြရတယ်။မြို့ကြီးတွေမှာတော့နယ်တွေလောက်မဆိုးပေမယ့်စားဝတ်နေရေးအခက်အခဲပေါင်းစုံကိုရင်ဆိုင်ဖြေရှင်းနေကြရတယ်။၂၀၂၁ဟာမြန်မာပြည်သူတွေအတွက်ကောင်းသောနှစ်တစ်ခုမဖြစ်ခဲ့ဘူး။လာမယ့်၂၀၂၂မှာလဲမပြီးပြတ်သေးတဲ့တိုက်ပွဲကိုပန်းတိုင်ရောက်သည်အထိဆက်လက်တိုက်ပွဲဝင်ရလိမ့်မယ်။ဒီတော်လှန်ရေးကြီးမြန်မြန်ဆန်ဆန်အောင်ပွဲရမယ်ဆိုရင်တော့၂၀၂၂ဟာပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်တစ်ခုဖြစ်လာမှာပါ။