ရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေမှာဒုစရိုက်မှုတွေသိသိသာပိုများလာတယ်။ ရန်ကုန်မှာဆို လိုင်းကားတွေ ပေါ်မှာ ခါးပိုက်နှိုက်တွေပေါလာတယ်။ ဆင်ခြေဖုံးမြို့နယ်တွေမှာဆိုင်ကယ်နဲ့ဖုန်း၊ ပိုက်ဆံအိတ်စတဲ့ ပစ္စည်းတွေ ကိုလှည်ပတ်လုယူမှု တွေရှိလာတယ်။ ဆိတ်ငြိမ်ရပ်ကွက်တွေမှာတော့ လူအလစ်မှာခြံထဲ ထိဝင်ပြီးဆိုင်ကယ်၊စက်ဘီးခိုးယူမှုတွေပေါများလာတယ်။
မန္တလေးမှာဆိုပိုဆိုးတယ်။ အုပ်စုဖွဲ့ဓားနဲ့ထောက်ပြီး ဆိုင်ကယ်လုယူမှုတွေဆက်တိုက်ဖြစ်နေတယ်။ ရဲသွားတိုင်လည်း အရေးယူမှုမရှိဘူး။ နယ်မြေခံရဲတွေကိုယ်တိုင်နယ်မြေထဲ မဆင်းရဲတော့ဘူး။ ဥပဒေစိုးမိုး မှုမရှိကြတော့ဘူး။ ကြာရင်မင်းမဲ့တိုင်းပြည်ပုံစံဖြစ်လာတော့မယ်။