မန္တလေးမြို့ကမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဒီလထဲမှာပဲတစ်ရာကျော်အဖမ်းခံလိုက်ရတယ်။ပြီးခဲ့တဲ့လကရန်ကုန်မှာအတော်များများအဖမ်းခံလိုက်ရပြီးနောက်အခုမန္တလေးအလှည့်ရောက်လာတာပဲ။
မြို့ပေါ်ကUGတွေရဲ့ဘဝဟာအတော်ခက်ခဲကြမ်းတမ်းတယ်။စစ်ကောင်စီရဲ့နည်းလမ်းမျိုးစုံနဲ့အနံ့ခံမှုကြောင့်နေရေးစားရေးကအစအတော်သတိထားရတယ်။ဒါတောင်ဘာမစ်ရှင်မှမဖော်ဆောင်ရသေးတဲ့အခြေအနေတစ်ခုကိုရေးပြတာ။မစ်ရှင်တစ်ခုဖော်ဆောင်ဖို့ဆိုတာလဲအရင်းအနှီးကြီးလွန်းပြီးအသက်ပါပေးလုပ်ဆောင်ရတာပဲ။ပစ္စည်းနဲ့ငွေကြေးအင်အားချို့တဲ့တာလဲပါတာပေါ့။ဒါတောင်ရန်ကုန်ရောမန္တလေးမှာပါUGတွေဟာလှုပ်ရှားမှုတွေအတော်များများလုပ်ခဲ့ကြတယ်။တချို့UGတွေကမစ်ရှင်တွေကြောင့်အဖမ်းခံရတယ်။တချို့တွေကတော့ဒလန်တွေကြောင့်အဖမ်းခံရတယ်။အခုအခြေအနေအတိုင်းဆိုလုံးပါးပါးကုန်ကြပြီ။ပြန်တည်ဆောက်ဖို့အချိန်တစ်ခုယူရဦးမယ်။