ဒေါ်အောင်ဆန်းစုကြည်ဆက်လက်ရင်ဆိုင်နေရတဲ့အမှုတွေရဲ့ရုံးချိန်းတွေမှာသူမကိုထောင်ပုံစံအဝတ်အစားနဲ့ရုံးထုတ်လာတယ်လို့သိရတယ်။မင်းအောင်လှိုင်ရဲ့ယုတ်မာမှုကကန်းကုန်နေပြီ။ပြည်သူချစ်တဲ့ခေါင်းဆောင်တစ်ယောက်ကိုသူ့ဆရာတွေဖြစ်တဲ့ဗိုလ်သန်းရွှေတို့၊ဗိုလ်ခင်ညွှန့်တို့တောင်ဒီလောက်ထိမလုပ်ရဲကြဘူး။မင်းအောင်လှိုင်ဟာမျက်ကန်းတစ္ဆေမကြောက်ဖြစ်နေပြီ။ဒီစစ်ခေါင်းဆောင်ကိုလဲအာဂျင်တီးနားတရားရုံးမှာရိုဟင်ဂျာအမှုတွေနဲ့တရားစွဲထားပြီ။သက်သေအထောက်အထားခိုင်လုံပီဆိုရင်နိုင်ငံအပြင်ထွက်တာနဲ့ဖမ်းလို့ရပြီ။စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေအတွက်ကြိုးစင်ဟာတဖြည်းဖြည်းနဲ့နီးလာပါပြီ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။