ရန်ကုန်ကမြို့နယ်တော်တော်များများမှာစစ်ကောင်စီလက်အောက်ခံလျှပ်စစ်ဌာနကမီးတာမဆောင်တဲ့အိမ်တွေကိုမီးလိုက်ဖြတ်နေတယ်။ရန်ကုန်မှာအာဏာသိမ်းပြီးကတည်းကမီတာမဆောင်တဲ့အိမ်တော်တော်များပါတယ်။တချို့အိမ်တွေဆိုမီတာဖိုးကြွေးကျန်စုစုပေါင်းဆယ်သိန်းခန့်တောင်ရှိနေပြီ။အရင်လတွေကမီတာရုံးတွေဆက်တိုက်ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေတာလဲပါမှာပေါ့။
ဒီလမှာတော့စစ်ကောင်စီဟာမီတာမဆောင်တဲ့အိမ်တွေ၊လမ်းတွေကိုလုံခြုံရေးအစောင့်ရှောက်တွေနဲ့မီးလိုက်လံဖြတ်တောက်ပါတော့တယ်။မီတာသပိတ်မှောက်ထားတဲ့သူတွေလဲကိုယ့်အိမ်မီးဖျက်ခံရတော့မီတာခသွားဆောင်ရတော့တာပဲ။ဒီအခြေအနေတွေကြောင့်မီဆာသပိတ်ဟာမအောင်မြင်ဘူးဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့။ပြည်သူတွေမီတာမဆောင်ဖို့အတွက်လျှပ်စစ်အခွန်ရုံးတွေကိုပစ်မှတ်ထားနေရုံနဲ့မပြီးပဲနည်းလမ်းသစ်တွေကြံဆဖို့လိုနေပြီ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။