ဒီနေ့ကြိုတင်စီစဉ်ထားတဲ့အတိုင်းအသံတိတ်သပိတ်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်ကြတယ်။မြို့ကြီး၊မြို့ငယ်၊တောရွာတွေပါမကျန်ပြည်သူလူထုအားလုံးပါဝင်ဆန္ဒထုတ်ဖော်ကြတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက ပြည်သူတွေသာမက များလှတဲ့မြို့တွေရွာတွေအစွန်အဖျားနေရာတွေက ပြည်သူတွေအထိပါဝင်ကြပါတယ်။ လူမျိုးနွယ်စုံ၊ အသက်အရွယ်စုံ၊ အသက်မွေးဝမ်းကြောင်းစုံ၊ အလွှာစုံက ပြည်သူတွေဟာစစ်အုပ်ချုပ်မှုကို ဘယ်တော့မှလက်မခံငြင်းပယ်ကြတယ် ဆိုတာကိုပြသကြပါတယ်။ စျေးတွေ၊ဆိုင်တွေ၊ အလုပ်ရုံတွေ၊ လမ်းတွေ၊ မြေပြန့်ဒေသတွေ၊ တောင်ကုန်းတွေမှာ မနက် ၁၀ နာရီကနေ ညနေ ၄နာရီထိ လူသူကင်းမဲ့ တိတ်ဆိတ်သွားကြတယ်။
ဒါဟာဖေဖော်ဝါရီ၊မတ်၊ဧပြီလတွေမှာဆန္ဒပြပွဲတွေအရှိန်ကောင်းခဲ့တဲ့ကာလပြီးတဲ့နောက်အကြီးမားဆုံးပြည်သူ့ဆန္ဒထုတ်ဖော်ပွဲကြီးပဲ။မြန်မာပြည်သူတွေဟာစစ်အာဏာရှင်လက်အောက်မှာမနေချင်ဘူးဆိုတာ၊ဆယ်လကျော်ကြာတဲ့အထိသွေးမအေးသေးဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပဲ။ဒီနေ့ဟာစစ်ကောင်စီကိုအကြီးအကျယ်သွေးပျက်စေတဲ့နေ့တနေ့ပေါ့။