မတရားဖမ်းဆီးစွပ်စွဲပြီးရုံးထုတ်ခံနေရတဲ့သမ္မတကြီးနဲ့အမေစုတို့ရဲ့အမှုပေါင်းမြောက်မြားစွာထဲကတစ်ခုကိုဒီနေ့စစ်ကောင်စီရဲ့မတရားရုံးကအမိန့်ချမှတ်လိုက်တယ်။နှစ်ယောက်စလုံးကိုထောင်ဒဏ်လေးနှစ်စီချတယ်။မတရားမှန်းလူတိုင်းသိနေလို့လေးနှစ်ဖြစ်စေ၊နှစ်လေးဆယ်ဖြစ်စေထူးပြီးတော့ရင်ခုန်စရာမရှိပါဘူး။နောက်မှာလဲနှစ်ရှည်ထောင်ဒဏ်တွေချလို့ရတဲ့အမှုတွေအများကြီးဆင်ထားသေးတယ်။သူတို့နှစ်ယောက်အတွက်ကတော့တော်လှန်ရေးမြန်မြန်အောင်ဖို့ပဲလိုတယ်။ဒီနေ့အောင်ရင်ဒီနေ့လွတ်မယ်။အချိန်ကြာနေသ၍မတရားဖမ်းဆီးခံထားနေရမှာပဲ။
သမ္မတကြီးတို့ကိုအမိန့်ချတဲ့သတင်းနဲ့မနေ့ကကားနဲ့တိုက်ပြီးလူစုခွဲတဲ့သတင်းတွေကိုနိုင်ငံတကာမီဒီယာကြီးတွေကလဲအလုအယက်ဖော်ပြနေကြတယ်။စစ်ကောင်စီဟာအရှက်ကင်းမဲ့စွာနဲ့ပဲနိုင်ငံကိုထိန်းချုပ်ဖို့ဆက်လက်ကြိုးစားနေတယ်။