ရန်ကုန်ကြည့်မြင်တိုင်မှာလူငယ်တွေရှောင်တခင်ဆန္ဒပြနေတုန်းစစ်ကားတစ်စီးရောက်လာပြီးဆန္ဒပြလူအုပ်ထဲကိုရည်ရွယ်ချက်ရှိရှိအရှိန်နဲ့ဝင်တိုက်ခဲ့တယ်။ကားနဲ့တိုက်ခံရမှုကြောင့်လူငယ်သုံးဦးပွဲချင်းပြီးသေဆုံးသွားပြီးစုစုပေါင်းငါးဦးသေဆုံးကာ၁၅ဦးခန့်အဖမ်းခံရတယ်။
သာမန်လူတစ်ယောက်ရဲ့စိတ်ဆိုရင်လမ်းပေါ်မှာရှိနေတဲ့ခွေးတကောင်ကိုတောင်တမင်ဝင်တိုက်ဖို့ခဲယဉ်းလိမ့်မယ်။စစ်ကောင်စီတပ်သားတွေအားလုံးဟာလူမဟုတ်တော့ဘူး။တရိစ္ဆာန်ထပ်တောင်နိမ့်ပါးတဲ့အသိဉာဏ်နဲ့ရှင်သန်နေကြတယ်။ရန်ကုန်မြို့ကြီးမှာတောင်ဒီလိုအပြုအမူမျိုးအတားအဆီးမရှိလုပ်ရဲကြတယ်ဆိုရင်စစ်သူပုန်တွေအားလုံးဟာတယောက်မကျန်မကောင်းဆိုးဝါးတွေဖြစ်နေကြပြီ။
ထိုအဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေဟာအချိန်နဲ့တပြေးညီအင်တာနက်ပေါ်ရောက်လာကြတယ်။ကြည့်မိတဲ့သူတိုင်းဟာအော်နှလုံးနာလို့ပေါ့။နာကျည်းချက်တွေကိုခွန်အားအဖြစ်ပြောင်းလဲပီးဆက်လက်တိုက်ပွဲဝင်ကြရမယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။