Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကြောင်းပိတ်ဆို့ခံနေရသည့် ဆောမြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်ပါသုံးနေ

နိုဝင်ဘာ ၂၁ မတိုင်မီ ပေါက်မြို့နယ်သို့ အရောက်ချီရမည့် စစ်ကြောင်းတစ်ခုသည် ဒေသခံ PDF တို့ ဝိုင်းပတ်ပိတ်ဆို့မှုကို ကြုံနေရသဖြင့် ရဟတ်ယာဉ်က သွားရောက်ကူညီနေရသည်။

November 19, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter
ဧရာဝတီတိုင်းအတွင်း ၂၀၁၈ခုနှစ်က ပြုလုပ်သည့် ဆင်ဖြူရှင်စစ်ရေးလေ့ကျင့်မှုတွင် စစ်ရဟတ်ယာဉ်တစ်စီးပါဝင်ဆင်နွှဲနေစဉ်။ (ဓာတ်ပုံ – စစ်ကောင်စီ)

မကွေးတိုင်း၊ ‌ဆောမြို့နယ် တောမရွာ မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ယ‌နေ့(နိုဝင်ဘာ ၁၉) နံနက်မှစ၍ ချင်း၊ မကွေး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များ ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းမှုကို ခံနေရသည့် စစ်ကြောင်းမှာ သေဆုံးသူ ၂၀ ခန့်ရှိလာသည့်အတွက် တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးသုံး၍ စစ်ကောင်စီက ပစ်ကူပေးနေကြောင်း သိရသည်။

တောမရွာတွင် တပ်စွဲထားသည့် အင်အား ၆၀ ခန့်ပါ စစ်တပ်က ရှေ့ပြေးပွိုင့် ၇ ဦးထားကာ ရွာမှထွက်စဉ် နံနက် ၆ နာရီခွဲခန့်မှစ၍ ထိုနေရာ၌ CDF ကန်ပက်လက်၊ CDF မင်းတပ်၊ ဆော PDF၊ YDF ဆော,ကျောက်ထု ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆော PDF တပ်ရင်းမှူးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ချိန် လေးနာရီခန့်၊ စစ်တပ်က အထိနာလာချိန်တွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စင်းက နံနက် ၁၁ နာရီဝန်းကျင်မှစ၍ ထိုနေရာသို့ စက်သေနတ်သုံး၍ တစ်လှည့်စီပစ်ကူခဲ့ကြောင်း၊ ယင်းမတိုင်မီ နှစ်နာရီခန့်ကတည်းက ကျောက်ထု‌လေယာဉ်ကွင်းသို့ MI 35 ရဟတ်ယာဉ်နှစ်စီး ရောက်ရှိလာသည်ဟု သတင်းရထားကြောင်း ၎င်းက ပြောသည်။

“သူတို့(စစ်ကောင်စီတပ်) ရောက်တဲ့နေရာထိအောင် ကျွန်တော်တို့လိုက်ထိုးစစ်ဆင်တာ၊ ပိတ်မိနေတယ် ဒီကောင်တွေ၊ ပိတ်မိနေလို့ ဒီကောင်တွေ လေယာဉ်ပစ်ကူတောင်းတာ” ဟု ထိုသူက ပြောသည်။

မွန်းလွဲ ၁ နာရီဝန်းကျင်အထိ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ကူနေဆဲဖြစ်၍ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်မှ တိုက်ပွဲကို ခေတ္တရပ်ထားကာ အခြေအနေစောင့်ကြည့်နေသည်ဟု သိရသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးပြီး ဆော PDF တစ်ဦးကျဆုံးကြောင်း ဆော PDF တပ်ရင်းမှူးက ပြောသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ အတည်ပြုချက် မရသေးပေ။

CDF ကန်ပက်လက်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရထားပြီး ၎င်းအဖွဲ့၏ အဆိုအရ စစ်ကောင်စီတပ်ကို လေးဖက်လေးတန် ပိတ်ဆို့ထားပြီးဖြစ်၍ တိုက်ပွဲ ဆက်လက်ပြင်းထန်မည့် အခြေအနေရှိကြောင်း သိရသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ ဆင်းလာသည့် စစ်ကြောင်း ထိုနေရာတွင် ပိတ်မိနေသည်။

နိုဝင်ဘာ ၁၇ မှစ၍ ဆော PDF နှင့် ဆော-ကျောက်ထု လမ်းပိုင်း တောတွင်းတစ်နေရာတွင် တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် ဆော PDF အဖွဲ့ဝင် တစ်ဦးသေဆုံးသည်။ လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းထောင်ထားသဖြင့် စစ်တပ်က နယ်မြေခံသတင်းပေးတစ်ဦးကို လမ်းပြလုပ်ခိုင်းကာ တောတိုး ချီတက်နေရာ PDF အဖွဲ့များကလည်း လိုက်လံတိုက်ခိုက်နေသည်။

တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းဟု ယူဆရသည့် အဆိုပါစစ်ကြောင်းမှာ နိုဝင်ဘာ ၂၁ ရက်မတိုင်မီ ပေါက်မြို့နယ်သို့ သွားရောက်ရမည်ဟူသော အမိန့်အရ ချီတက်နေခြင်းဖြစ်သည်ဟု သိရကြောင်း ဆော PDF တပ်ရင်းမှူးက ပြောသည်။

ယခု တိုက်ပွဲဖြစ်ပွားနေသည့် တောမကျေးရွာမှာ ဆောမြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာတွင်သာ ရှိသဖြင့် ထိုစစ်ကြောင်း ပေါက်သို့ ရောက်ရန် မိုင် ၆၀ ခန့် ခရီးနှင်ရဦးမည်ဖြစ်သည်။

“ကျွန်တော်တို့ ပတ်ချာလည်ပစ်တာကြောင့် သူတို့(စစ်ကောင်စီ) တိုးလို့မရတော့ဘူး။ ‌ဖောက်လို့မရတော့ဘူး။ ပြီးရင် မိုင်းတွေမိတယ်ဆိုတော့ အထိအခိုက်အကျအဆုံးများနေတယ်။ များနေလို့ ပစ်ကူတောင်းတာ” ဟု ဆော PDF တပ်ရင်းမှူးက ပြောသည်။

ဆောမြို့နယ်မှာ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင်ရှိသည်။ ချင်းပြည်နယ် ကန်ပက်လက်မြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုဒေသအတွင်း မကွေးနှင့် ချင်း တော်လှန်ရေးတပ်ဖွဲ့များ မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီတပ်များကို ပူးပေါင်းတိုက်ခိုက်နေကြသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကိုပင် ပစ်ခတ်၊ သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့အပြား လက်နက်ကိုင်တော်လှန်မှုများအားကောင်းနေရာ ထိုအထဲတွင် ဆောဒေသလည်း အပါအဝင်ဖြစ်သည်။

ထို့ပြင် ချင်းပြည်နယ်သို့ ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်းများကို လမ်းတစ်လျှောက်ရှိ ဆော၊ ကျောက်ထု စသည့်မြို့များတွင် PDF များပေါင်း၍ အဆက်မပြတ်တိုက်ခိုက်နေသည်။

Source: Myanmar Now

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English