မနေ့ကရန်ကုန်မှာPDFတွေဖမ်းဆီးခံရတာနဲ့မရှေးမနှောင်းပဲNLDလွှတ်တော်အမတ်ကိုဖြိုးဇေယျာသော်အဖမ်းခံလိုက်ရတယ်။ပီးခဲ့တဲ့လကကိုဂျင်မီအဖမ်းခံရပြီးနောက်ဒုတိယမြောက်ခေါင်းဆောင်ပိုင်းကတစ်ယောက်ဖမ်းဆီးခံရတာပဲ။သူတို့နှစ်ယောက်စလုံးဟာရန်ကုန်မြို့ပြပျောက်ကျားတိုက်ပွဲတွေအတွက်အနီးကပ်တာဝန်ယူနေတယ်လို့ယူဆရတယ်။တော်လှန်ရေးအတွက်တော့ကြီးမားတဲ့ဆုံးရှုံးမှုပဲ။
ဒီရက်ပိုင်းမှာPDFတွေအတွက်စိတ်မကောင်းစရာသတင်းတွေဆက်နေတယ်။ရန်ကုန်မှာတော်လှန်ရေးအတွက်စိတ်ဓာတ်ကျစရာတွေဆက်တိုက်ဖြစ်နေပေမယ့်ရန်ကုန်သူရန်ကုန်သားတွေကတော့ပျော်ပျော်ပါးပါးတန်ဆောင်တိုင်ပန့်သကူကောက်လို့ကောင်းနေတုန်းပဲ။အသက်တွေ၊ဘဝတွေရင်းပြီးတကယ်လုပ်နေတဲ့သူတွေကိုအားနာဖို့ကောင်းတယ်။ဒီပုံတိုင်းဆိုရန်ကုန်အပါအဝင်တချို့မြို့ကြီးတွေဟာစစ်ကောင်စီရဲ့အလုံးစုံထိန်းချုပ်မှုအောက်ကိုရောက်သွားလိမ့်မယ်။