ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာနိင်ငံအတွင်းအကြမ်းဖက်မှုတွေပိုဆိုးလာတယ်ဆိုပြီးမြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပြန်တယ်။ပြီးတော့အလွန်အမင်းစိုးရိမ်စောင့်ကြည့်နေပါတယ်ဆိုပြီးထူးမခြားနားကြေငြာချက်တစ်စောင်ထွက်လာတယ်။အဲ့ဒါများအလကားအချိန်ကုန်ခံပြီးကြီးကြီးကျယ်ကျယ်တံခါးပိတ်အစည်းအဝေးလုပ်နေသေးတယ်။သူလဲအာဆီယံလိုဘာမှသုံးစားမရတဲ့အဖွဲ့အစည်းပဲ။
နိုင်ငံတွင်းမှာစစ်ကောင်စီကြောင့်နေ့စဉ်နဲ့အမျှပြည်သူတွေသတ်ဖြတ်ခံနေရတယ်။မြို့တွေရွာတွေမီးရှို့ခံနေရတယ်။စစ်ဘေးရှောင်တွေတနေ့တခြားပိုမိုတိုးပွားလာနေပြီ။ဒါလဲနိုင်ငံတကာကဘာမှအရေးယူမှုမရှိဘူး။အစိုးရိမ်ကောင်းနေတုန်းပဲ။နိုင်ငံတကာကဘာမှမလုပ်ပေးနိုင်မှန်းသိနေတော့စစ်ကောင်စီဟာပိုမိုရမ်းကားလာတာမျက်မြင်ကိုယ့်တွေပဲ။နောက်ဆုံးတော့ကိုယ့်အားကိုယ်ကိုးပြီးတိုက်ပွဲဝင်နေရကြတယ်။ကမ္ဘာကြီးမှာတရားမျှတမှုဆိုတာပျောက်ဆုံးနေပြီ။