အာဆီယံကိုယ်စားလှယ်ရဲ့မြန်မာပြည်လာမယ့်ခရီးစဥ်ကိုနောက်ဆုံးမိနစ်မှာပဲဖျက်သိမ်းလိုက်တယ်။အာဆီယံကိုယ်စားလှယ်ကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့တောင်းဆိုတာကိုစစ်ကောင်စီကလုံးဝလက်မခံပဲတော်လှန်ရေးနဲ့ဘာမှမဆိုင်တဲ့ဒုသမ္မတ၊လွှတ်တော်ဥက္ကဌနဲ့သာပေးတွေ့လို့ခရီးစဥ်ပျက်သွားတယ်ပြောတယ်။ဒါတောင်စစ်ကောင်စီကအာဆီယံကိုမလိမ့်တပတ်လုပ်ချင်သေးတာ။တကမ္ဘာလုံးကဖိအားတွေဝိုင်းပေးထားကြတော့အာဆီယံဟာလဲစစ်ကောင်စီကိုအရင်လိုအလျော့မပေးနိုင်တော့ဘူး။လက်ရှိအခြေအနေမှာဆက်လက်စောင့်ကြည့်ရမှာကဒီလကုန်မှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာမင်းအောင်လှိုင်ကိုပေးတက်မတက်ဆိုတာပဲ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။