ရန်ကုန်ကမြို့နယ်တော်တော်များများမှာလည်း လူဖမ်းပွဲတွေဆက်တိုက်လုပ်နေတယ်။ ဒီတပတ် အတွင်းမှာပဲ လူငယ်အယောက်ငါးဆယ်လောက် ခွေးဆွဲခံရတယ်လို့ကြားတယ်။ NUG က D DAY ခေါ်ပြီး နောက်ပိုင်းစစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာမဲမဲမြင်ရာလျောက်ရမ်းနေတယ်။ LOCAL PDF တွေ အဖိခံရတယ်။ မြို့ပေါ်မှာလည်း ပိတ်ဆို့စစ်ဆေးနေတာကြောင့် သပိတ်စစ်ကြောင်းတွေ ထွက်မရ တော့ဘူး။ NUG ကတော့လေထဲနေကြေငြာချက်ထုတ်ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ တုတ်တုတ် မလှုပ်သေးဘူး။ EAO တွေလဲငြိမ်ချက်သားကောင်းနေတယ်။ ဘာတွေကြိတ်ကြံနေလဲတော့မသိဘူး။ ကြိတ်ကြံနေပါစေပဲဆုတောင်းရမှာပဲ။အဲ့ လိုမှမဟုတ်ပဲကြေငြာချက်တွေထုတ်နေရုံပဲဆိုရင်တော့….။
သြဂုတ် ၀၁၊ ၂၀၂၅။ (သောကြာ)
စစ်ကောင်မရှင်ဟာအရေးပေါ်ကာလကို သက်တမ်းမတိုးတော့ပေမယ့်တနိုင်ငံလုံးကို မြို့ပေါင်း၆၃မြို့ကို အရေးပေါ်အခြေအနေကြေညာလိုက်ပါမယ်။အများစုကတော့ တော်လှန်ရေးအင်အားစုတွေ...